1

15.2K 596 16
                                    

Yes,I like,you too?

"ဝမ်ရိ​ပေါ်..."

"ရှိပါတယ်ဗျ..."

"ဝမ်ရိ​ပေါ်က နံပါတ်စဥ် 8နော်"

"ဟုတ်ကဲ့ပါဗျ.."

"​နောက် စုန့်ကျိရန်"

"ဟုတ်"

"စုန့်ကျိရန်က 9ပါ"

ကိုယ့်နံပါတ်ကိုယ်ရတဲ့အခါ နံပါတ်ကိုပါးစပ်က​နေ တတွတ်တွတ်ရွတ်ရင်း
မ​မေ့​အောင် သတိထား​ရသည်။ ​မေ့တတ်လွန်းတဲ့အပြင် ရှက်ပြာရှက်ပြာနိုင်လှတဲ့ ကိုယ့်အ​ကြောင်းကိုယ်သိတာမို့ သတိကိုအင်မတန်မှထား​နေရပါသည်။

ဒီအလုပ်ဝင်မှ တကယ်အဆင်​ပြေမည်ဖြစ်တာမို့ အလုပ်ရဖို့အ​ရေးက သူ့​အ​ရေး။
ပါပါးက ဒီလကုန်လို့မှ အလုပ်တစ်ခုမှရမလာရင် အိမ်​ပေါ်က​နေဆင်းလို့ပင် ရာဇသံထုတ်လာတာမို့ ဝမ်ရိ​ပေါ် ဒီကိုမဖြစ်မ​နေရောက်လာခဲ့ခြင်းသာ။ သူ့ဘာသာသူဆို အိမ်မှာပဲ စာဖတ်ရင်းငြိမ်​နေမှာ။

ယခု​တော့ ဝမ်ရိ​ပေါ်ရဲ့ဘဝဟာညအလား။ ရှည်လျားလွန်းတဲ့ လူအုပ်ကြီး​ကြားထဲပျင်း​ခြောက်​ခြောက်နဲ့ထိုင်​နေရတဲ့အပြင် ဒီအလုပ်မရရင် ​နောက်တစ်​​နေ့ ​နောက်တစ်​နေရာဆီ နောက်တစ်​ခေါက် ထပ်တန်းစီးရဦးမည်။ ထို့ကြောင့် လူအများကြီးကို ​ခေါ်မယ်ဆိုတဲ့ ဒီကုမ္ပဏီမှာပဲ အလုပ်တစ်ခါတည်းတန်းဝင်လို့ရဖို့ ဆု​တောင်းရတာလည်းအသည်းအသန်ပါပဲ။

ရမှရ...သန့်ရှင်း​ရေးသမားပဲဖြစ်ဖြစ် မာလီပဲဖြစ်ဖြစ် ဝင်လုပ်ပစ်လိုက်မှာ။
ပါပါး​ပြောပုံအရဆို အလုပ်ရဖို့ကပဲ အဓိကမဟုတ်ပါလား။
အိမ်​ပေါ်ကမ​ဆင်းရရင်ကို​တော်ပါပြီ။ အိမ်​ပေါ်ကသာဆင်းရရင် ​နေစရာ​နေရာကတကယ်မရှိတာမို့။

"​​ဟေ့...​ဟေ့..."

"ဟင်?.."

တစ်​ယောက်တည်းငြိမ်ငြိမ်က​လေးထိုင်​တွေး​​နေတုန်း ​ဘေးနားမှလူက သူ့ကိုလက်တို့လာတာမို့ ထိုလူ့အားသူလှည့်ကြည့်လိုက်သည်။

"ဘာလဲဟင်?"

​မေးလိုက်​တော့ ထိုလူကထိုင်​နေရာမှထလာရင်းသူ့ကိုငုံ့ကြည့်လာပြီး

Yes,I like,you too? Where stories live. Discover now