48

1.9K 177 21
                                    

Yes,I like,you too?

"လမ်းမှာ ဂရုစိုက်ကြပါ"

အမိနှင့်အဘကို ဧည့်ပို့ပြီးတဲ့​နောက် ဖန်ရှင်း အိပ်ခန်းထဲသို့အမြန်ဝင်လာလိုက်သည်။

ည၇နာရီပင်ထိုး​နေပြီ​မို့ အ​တော်က​လေး​နောက်ကျ​နေပြီဟု ဆိုရမည်။

ထို့​ကြောင့် သ​ကောင့်သား​လေး၏ပြဿနာကိုအမြန်​ဖြေရှင်း​ပေးပြီး အိမ်အမြန်ပြန်ပို့ဖို့အ​ရေး ပါးတို့နဲ့​တွေ့ပြီး​နောက် ဖန်ရှင်းမှာနားချိန်​တောင်မရလိုက်ပါ။ ​စောင်ပုံကြီးထဲလုံး​ထွေးပြီး ​ဝင်​ခွေ​နေ​သော ဝမ်င​ပေါ်အား ဆွဲထူရ​လေ​တော့သည်။

ထမင်းစားပြီးတာနဲ့ ရှက်လို့ဆိုပြီး အခန်းထဲဝင်ပုန်း​လေတဲ့ ရိ​ပေါ်ကား ဒီကြားထဲလုံးဝကိုအပြင်ထွက်မလာခဲ့။ သူဟာသူ​ပြောပြီးမှ သူ့ဟာသူမျက်နှာပူ​နေတာပါပဲ။
အဲ့တာ​ကြောင့်​ပြောတာ စိတ်ထိန်းလို့။ Manga​တွေမတရားဖတ်တာကိုး။ အရမ်းလည်း စိတ်ကူးများပြီး အ​တွေးကလွန်​သေး။ သူ့ကိုယ်သူ manga​တွေထဲ​ရောက်​နေတယ်များထင်​နေသလားမသိ။ ပိစိကွစ​လေးကအစ ​တွေးပြီး ဝမ်းနည်းတတ်ပါ​သေးသည်။

အခုလည်း အားကြီးနဲ့ ​ပြောချပြီးမှ ဆွဲထူလို့ပင်မရ​တော့ပါ။ ​ခေါင်းထိ​ခြုံပြီး အတင်းဆွဲထားတာမို့ ကြားထဲက သူ့​စောင်​လေးမပြဲရ​လေ​အောင် သူကပဲလွှတ်ချလိုက်ရ​လေ၏။

"ကဲ ရှက်မ​နေပါနဲ့​တော့ အဖ​ရေ။ ကျွန်​တော်မျိုးရဲ့ ​မွေးသမိခင်​မွေးဖခင်တို့လည်းပြန်သွားပြီမို့ ထပါ​လော့"

ရွဲ့​​စောင်းကာ ဆို​တော့မှ ​ခေါင်းက​လေးပြူထွက်လာပြီး နှူတ်ခမ်းဆူတဲ့ ဝမ်ရိ​ပေါ်ပင်။
ဘဲနှုတ်ခမ်းလို့ ​ပြောရင်လည်း စိတ်က​ကောက်ပါဦးမည်။
သူ့ကိုယ်သူနှုတ်ခမ်းမ​ထော်ပါဘူး​ပြော​နေလည်း မြင်ရတဲ့သူ​တွေက အတိသယဝုတ္တိအင်္လကာ​မြောက်ရ​လောက်​အောင်ကို မြင်​နေရတာမလား။ တကယ်​လည်း ဘယ်​ရောက်​နေမှန်းမသိတဲ့ ​ရှောင်းကျန့်ကို​ပြေးထိုး​တော့မလိုလိုပါပဲ။

သို့​သော် ထ​ပြောလိုက်လျှင် ပွဲဖြစ်ကုန်မှာမို့ မသိချင်​ယောင်​ဆောင်ပြီး ဆွဲသာထူရပါ​တော့သည်။

Yes,I like,you too? Where stories live. Discover now