27

2.1K 269 30
                                    

Yes,I like,you too?

"ခဏ..ခဏ​လေး​စောင့်​ပေးပါ!"

ရိ​ပေါ် ဝရုန်းသုန်းကားနဲ့​ပြေးလာရင်း ​အော်​ပြောလိုက်​ပေမယ့် အချိန်ကားမမှီခဲ့။
သူ​အ​ရှေ့သို့ရောက်​တော့ ဓါတ်​လှေကားတံခါးကပိတ်ပြီး အ​ပေါ်သို့​တောင်တက်​နေပြီဖြစ်သည်။

ထို့​တော့ ​ပြေးလာခဲ့ရတဲ့ရိ​ပေါ်ကသာ ​ချွေးတစိုစိုနဲ့​မောရရှာ​တော့သည်။
မ​နေ့ညက အ​တွေးလွန်ပြီး အိပ်ရာဝင်တာ​နောက်ကျသွားတာ​ကြောင့် ထုံးစံအတိုင်း အိပ်ယာထ​နောက်ကျတာပဲဖြစ်သည်။

တတ်နိုင်သ​လောက်အမြန်ဆုံးလာခဲ့​ပေမယ့် ကားစီး​တော့ကားလမ်းကကျပ်
ရထားစီး​တော့လည်း ကတ်က​မေ့ကျန်ခဲ့နဲ့ ယခု​တော့ သာမန်အချိန်ထက်​တောင် ​နောက်ကျ​​နေခဲ့ပြီ။ ကျဲတို့ဆူလည်းခံရ​တော့မှာပင် ။ သူကိုယ်တိုင်က အသုံးမကျတာမဟုတ်လား။

"ဟင်း..."

ရိ​ပေါ် ​မောပန်းစွာ သက်ပြင်းတစ်ချက်ချလိုက်ပြီး အ​ပေါ်သို့တက်တက်သွားတဲ့ ဓါတ်​လှေကား ပြန်ဆင်းလာမယ့်အချိန်ကိုသာ ​မော့ကြည့်ရင်း ရပ်​စောင့်​နေမိ​တော့၏။

"အာ...ဟိုတစ်​ယောက်မဟုတ်လား? ဟို​လေ"

"ဗျာ"

ရိ​ပေါ် ဓါတ်​လှေကားထံသို့​မော့ကြည့်ရင်းရပ်​နေတုန်း ​ဘေးကစကားသံထွက်လာတာမို့ ​ဘေးကို​​စောင်းကြည့်လိုက်​တော့ မြင်ရသည်က သူနဲ့ရွယ်တူ​လောက်ရှိမည့် ​ကောင်​လေးတစ်​ယောက်ကို။ သို့​ပေမယ့် ဘယ်သူလဲ​တော့သူလည်းမသိ။

သို့​ပေမယ့်ထို​ကောင်​လေးက​တော့ တစ်ခုခုကို​တွေးဟန်ဖြင့် ပြုံးရင်း သူ့ကိုကြည့်လျက်နှင့်။

"ဟို​လေ...ဟို...ဟိုတစ်​ယောက်​လေ"

"ခင်ဗျာ"

"ဟို​လေဗျာ...အင်တာဗျူးလာ​ဖြေတုန်းက ​ကျွန်​တော်တို့​တွေ့ခဲ့ကြတာ​လေ ၊ ဒီကုမ္ပဏီအင်တာဗျူးမှာပဲ​လေ"

ထို​ကောင်​လေးရဲ့စကား​ကြောင့် ရိ​ပေါ် ​ရှောင်းကျန့်ထိုင်​နေရာက ထထွက်သွားတဲ့​ အင်တာဗျူး​ဖြေတဲ့နေ့ကိုပင် ပြန်​တွေးမိလိုက်သည်။ သို့​သော် ထို​ကောင်​လေးနဲ့​တွေ့ခဲ့သည်ကို သတိရရမယ့် အစား သူ့ကို ​ကြောက်စရာ​ကောင်းစွာ စိုက်ကြည့်ခဲ့တဲ့ ​ရှောင်းကျန့်ရဲ့မျက်နှာကြီးကို သတိပြန်ရသွားတာ​ကြောင့် ရိ​ပေါ်ရဲ့မျက်နှာက​လေးမှာ ရှုံ့ပင်ရှုံ့မဲ့သွားရ၏။

Yes,I like,you too? Where stories live. Discover now