40

2.4K 254 47
                                    

Yes,I like,you too?

"ဝိုး...အဲ့​တော့ မင်းတို့ကပြန်အဆင်​ပြေသွားကြပြီ​ပေါ့"

"အင်း!"

​ခေါင်းတစ်ဆတ်ဆတ်ငြိမ့်ကာ အားတက်သ​ရောပြန်​ဖြေလာသည့် ဝမ်ရိ​ပေါ်ရဲ့ပုံစံက တက်ကြွစွာ။ ပြုံး​နေသည့်နှုတ်ခမ်းပါး​လေး​တွေက ​ကွေးညွှတ်လျက်။ မျက်ဝန်းက​​လေးများက​တော့ ကြည်​တောက်လျက်ရှိ​နေသည်။

ဖန်ရှင်း မိမိ​ရှေ့က ပုံရိပ်က​လေးကိုကြည့်ရင်း လိုက်ပြုံးမိ၏။

"မင်း​ပျော်​နေတယ်မလား...ဝမ်ရိ​ပေါ်​ မှန်မှန်လိမ်စမ်း"

"​မလိမ်ပါဘူး...အတည်​ပြောတာ ငါ​ပျော်တာ​ပေါ့။ အခုဆို ငါ့ကိုမုန်း​နေတယ်ဆိုပြီး စိတ်ပူစရာမလို​တော့ဘူး​လေ ဟဲဟဲ"

ဝမ်ရိ​ပေါ်ဘယ်လို​တွေ​တွေး​နေသလဲ​မသိပါ။ ဟိုကတကယ်သာမုန်း​နေခဲ့မယ်ဆိုရင် ပြန်ခင်မင်ပါ့မလား။ ​ရှောင်းကျန့်လိုလူမျိုးက တကယ်သာမုန်းပြီဆို လှည့်ကြည့်ဖို့မ​ပြောနှင့် မျက်စိ​ရှေ့​ထပ်ပေါ်မလာ​အောင်​တောင် လုပ်နိုင်တဲ့သူမျိူး။

တမင်ကစားတာလို့ ​တွေးရ​အောင်လည်း ​ရှောင်းကျန့်ရဲ့ ​အေး​ဆေးတည်ငြိမ်မှုနဲ့ ကိုယ်ကျင့်တရားကို သူတို့သိပြီးသားမို့ ​တွေးကြည့်စရာကိုလိုမ​နေ။
ဒါကို အ​ရှေ့က တစ်​ယောက်က ဘယ်လိုစိတ် ဘယ်လိုအာရုံမျိုးနှင့် ဘယ်လိုမျိုး​တွေး​နေလို့ ယခုလို​​တွေ ဖြစ်​နေရသလဲမသိ။ ဒါ​ပေမယ့် သူ​ရှေ့မှာရှိ​နေတာက ဝမ်ရိ​ပေါ်ပဲမို့ သက်ပြင်းချမိရုံမှတစ်ပါး အခြားမတတ်နိုင်ခဲ့​ချေ။ ရှင်းပြလည်း ဝမ်ရိ​ပေါ်ကို အ​တွေးလွန်​စေတာမှတစ်ပါး ​ကောင်းတာမဖြစ်​စေနိုင်တာမို့ မရှင်းပြဖြစ်​တော့။

​​ခေါက်ဆွဲပြုတ်ထဲက အသားဖတ်က​လေး​တွေကို ဆယ်စား​နေ​သော ဝမ်ရိ​ပေါ်က​တော့ သူ့ဆီအာရုံလာမ​နေပါ။ ​ရှေ့က ရုပ်ရှင်ထဲ ခုန်ဝင်​တော့မလိုပြူးကြည့်လို့ပင်။

အင်း...​တွေးကြည့်မှ ဝမ်ရိ​ပေါ် ဒီလို​ပေါ့ပါးလွတ်လပ်​နေတဲ့ ပုံမမြင်ရတာ ကြားထဲအ​တော်ကြာသွား​သေးသည်ပဲ။ သူသတိမထားမိခဲ့တာ။

Yes,I like,you too? Where stories live. Discover now