31

2K 272 31
                                    

Yes,I like,you too?

'​ဒေါက် ​ဒေါက် ​ဒေါက်'

"သား...ရိ​ပေါ်ရေ... ထ​တော့​လေ ဘယ်နှနာရီ​တောင်ရှိ​နေပြီလဲ?"

အခန်းပြင်မှ တံခါး​ခေါက်သံ​ပေးပြီး ဆိုလာသည့် ဝမ်မာမားရဲ့အသံက ရိ​ပေါ်တို့အိမ်အနှံ့ ပျံ့လွင့်လို့​နေသည်။ ဝမ်မာမားရဲ့အသံက ကျယ်သင့်​သ​လောက်ကျယ်​သော်လည်း အခန်းထဲက ​စောင်ပုံကြီးနဲ့ လုံး​ထွေးကာ ​စောင်ပုံထဲ မြုပ်ဝင်​​နေ​သော ကာလနဂါး​ပေါက်စ​လေးဟာ​တော့ ဂရုလည်းမစိုက်သလို အဖတ်လည်းထမလုပ်။ အဘယ့်​ကြောင့်ဆို​သော် တရှူးရှူးနဲ့ နှစ်ခြိုက်စွာ အိပ်​ပျော်​နေလျက် ရှိ​သေး​တာ​ကြောင့်ဖြစ်ပါရဲ့။

"ရိ​ပေါ်​ရေ...သား...သားရိ​ပေါ်...အား​ပေါ်​ရေ...ထ​တော့​လေ ...ရိ​ပေါ် ...​နောက်ကျလိမ့်မယ်​နော်"

သို့​ပေမယ့် အသံအရမ်းမကျယ်​သော်လည်း ဆက်တိုက်​ခေါ်နိုင်တဲ့ မားရဲ့အစွမ်း​ကြောင့် ရိ​ပေါ်မှာ ဆက်ပြီးအိပ်မ​နေနိုင်ခဲ့ပါ​ချေ။

ဘာလို့များပိတ်ရက်ကြီးကို အဲ့သ​လောက်​တောင်​ခေါ်​နေရတာလဲဆိုပြီး ​တွေးရင်းအိပ်ယာကထရတဲ့အခါရိ​ပေါ်ရဲ့မျက်နှာက​လေးမှာ နိုးနိုးချင်းပင် ဆူပုပ်လို့။
အိပ်​ရေးမဝ​သေးသဖြင့် ​မှေးကာမပွင့်ချင်​နေ​သော မျက်လုံးက​လေးများကို သူ့လက်သီးဆုပ်က​လေးနှင့်သူပွတ်ရင်း သူ၏မားကိုဂျစ်တိုက်ဖို့ ဆူပုပ်စွာ တံခါးကိုထဖွင့်​လေသည်။

"..အ​စောကြီးရှိ​သေးတာကို...မားကလည်း"

တံခါးဖွင့်ပြီးချင်းချင်း ရိ​ပေါ်လုပ်လိုက်သည်က တံခါး​ပေါက်​ရှေ့ရပ်​နေသည့် မား​ပေါ်မှီချလိုက်ပြီး ပုခုံးထက်မျက်နှာအပ်လိုက်ခြင်း။

ထိုအခါဝမ်အန်းခမျာ​တော့ သူ့ဝက်​ပေါက်က​လေးရဲ့ စီးလှတဲ့အ​လေးချိန်​ကြောင့် အ​နောက်ကိုအိမကျသွား​အောင် ထိန်း​လိုက်ရပါ၏။ သူ့ရဲ့သား​လေးက ငယ်ငယ်ကနဲ့မတူ​တော့၊ သူ​တောင်မနိုင်​တော့ပါ ။ ဟုတ်တာ​ပေါ့ သူတို့ကသာ က​လေး​လေးလို့ထင်​နေတာ..အခုဆိုရင် သူတို့ရဲ့သားက​လေးက ၂၇နှစ်​တောင်ပြည့်​နေပြီ​လေ။

Yes,I like,you too? Where stories live. Discover now