39

2.1K 241 29
                                    

Yes,I like,you too?


"​ဝေ့....အား​ပေါ်​ရေ...."

ရိ​ပေါ် သိုင်းလွယ်ထားသည့်လွယ်အိတ်ကို ဖြုတ်ပြီးအလုပ်ခုံ​ပေါ်တင်ကာ မိမိ​နေရာတွင် ဝင်ထိုင်​လို့မှမဆုံး​​သေး သံရှည်ဆွဲစွာထွက်လာသည့် ​ရယ်ရွှင်မြူးတူး​နေ​သောအသံ​များကြောင့် ခါးက​လေးကိုမသိမသာ​လေးကိုင်းလိုက်မိသည်။ မျက်နှာက​လေးကိုလည်း သူ့အလုပ်စားပွဲ၏အကာအရံများ​အောက် ပိုချလိုက်မိ၏။

ရိ​ပေါ်ရဲ့ နဖူး​ပေါ်မှ​​​ချွေးစက​လေးဟာလည်း အလုပ်ခုံ​ပေါ်သို့ ​​ပေါက်ခနဲ။

ဒီလို​တွေဖြစ်လာမှာစိုးလို့ အ​စောကြီးအ​ရောက်လာခဲ့တာကို ။ သူ့အစ်မနှစ်​ယောက်က ဘာလို့များ အဲ့​လောက်လျင်လျင်မြန်မြန်ကြီး​သိသွားရတာလဲ !

ရိ​ပေါ် ​နှာ​ခေါင်း​လေးရှုံ့ရင်း မဲ့ရ​လေပြီဖြစ်၏။ ​ခေါင်းက​လေးကိုလည်း ငုံ့ထားရာမှပြန်မ​မော့ရဲ​တော့။

တရုတ်ပြည်ရဲ့ အင်တာနက်ကွန်ယက်များထက်​တောင် မြန်သလား ​အောက်​မေ့ရစွာ အနားသို့​ရောက်လာတဲ့ အစ်မဖြစ်သူနှစ်​ယောက်​က​တော့ ​ပြုံးပြုံးကြီး​တွေလုပ်ပြီး ရိ​ပေါ်၏ အနားသို့တိုးလို့လာ၏။

"အဟမ်း...အားဝမ်..​ရောက်လာပြီလား?"

"ကျဲတို့​မောင်​လေး ဒီ​နေ့ အလုပ်​ရောက်တာ​စောတာပဲ"

အစ်မဖြစ်သူနှစ်​ယောက်ဟာ ရိ​ပေါ်ဘေးသို့ တစ်​ယောက်တစ်ဖက် ခြံရံလျက်လာရပ်ကာ ခုံဆွဲ၍ထိုင်လာကြသည်။

ထိုအခါ ရိ​ပေါ်ရဲ့မျက်နှာက​လေးမှာ ခရမ်းချဥ်သီး​က​လေးအလား...​ဖောင်း​ဖောင်းအစ်အစ်​လေးနှင့် နီရဲ​နေ​လေပြီ။

ထူးဆန်းလှ​သော ရွှမ်လုနဲ့ဝမ်ချင်တို့ရဲ့အပြုအမူ​ကြောင့်လည်း ဌာနအတွင်းမှ တစ်ချို့လူများက တစ်ချက်တစ်ချက် ကွက်ကြည့်ကွက်ကြည့်။

ဒါကိုသတိထားမိသွားတဲ့အခါ ရိ​ပေါ်မှာ ပိုမိုစိတ်ညစ်ရင်း မျက်နှာပြဖို့ လုံးဝမရဲ​ရှာတော့​​ပေ။

"အား​ပေါ်....က​လေး​လေး..ကျဲတို့ကိုကြည့်ပါဦး"

ကျဲရွှမ်လုက ရိ​ပေါ်ရဲ့ ပုခုံးတစ်ဖက်ကိုကိုင်ကာဆိုလာသလို

Yes,I like,you too? Where stories live. Discover now