37

1.9K 268 39
                                    

Yes,I like,you too?

"..​ရှောင်း..​ရှောင်းကျန့်"

မရပ်မနား လှမ်း​နေ​သော ​ခြေလှမ်းများသည် ​ခေါ်သံ​လေးတစ်ခုရဲ့​နောက် တုန့်ဆိုင်းခြင်းမရှိ ရပ်တန့်လို့သွားခဲ့သည်။

ဦးတည်ချက်မဲ့စွာ စိတ်​စေသည့်အတိုင်းသွား​ခဲ့သည်ဖြစ်​​သော်လည်း အ​ခြေအ​နေနှင့် သင့်​တော်​အောင် တမင်လာခဲ့သည့်အလား ၊ သူတို့​သည် လူရှင်းသည့် ပြုပြင်ဆဲဌာန​နေရာနား​သို့ ​ရောက်​နေခဲ့သည်။

​ရှောင်းကျန့်သည် ယခင် ၄ရက်လုံး အစည်းအ​ဝေးပွဲများစွာနှင့် တိုးချဲ့ဖြစ်သည့် ကုန်တိုက်​အသစ်ကြောင့် အလုပ်များခဲ့​လေ၍ ဝမ်ရိ​ပေါ်ကို လာမ​တွေ့နိုင်ခဲ့။
ယ​နေ့ အားသည့်အချိန်ဝယ် လာ​တွေ့​လေ​တော့ မြင်လိုက်ရသည့် မြင်ကွင်းကား ဝမ်ရိ​ပေါ်ရဲ့ ပုခုံးထက် သူစိမ်းတစ်​ယောက်ရဲ့လက်တစ်ဖက် ​ရောက်​နေသည့် မြင်ကွင်း...။

စိတ်ရဲ့ခိုင်း​စေမှုလား..နှလုံးသားရဲ့ ခိုင်း​စေမှုလား​..။ သတိထားမိတဲ့အချိန်ကို​ရောက်​တော့ သူဟာ ဝမ်ရိ​ပေါ်ကိုဆွဲ​ခေါ်မိခဲ့ပြီးပြီ။

သ​ဘောမကျ​သော မြင်ကွင်းကို အလိုမကျခြင်းကြီးစွာ မြင်ခဲ့ရတာ​ကြောင့်သာ သတိလက်လွတ်ဖြစ်ပြီး လက်ဆွဲခေါ်မိခဲ့​ပေမယ့် ယခုနှစ်​ယောက်တည်းရှိချိန်ကျ ​ပြောစရာစကားများမဲ့လို့။ ဘာ​ပြောရမယ်မစဥ်းစားတတ်​တော့၍ ဆိတ်ဆိတ်​နေမိခဲ့တာလည်းဖြစ်နိုင်၏။

ထို့အပြင် ဝမ်ရိ​ပေါ်​ခေါ်လို့ ရပ်​​နေမိခဲ့​ပေမယ့် ရိ​ပေါ်ရှိရာဘက်သို့ မလှည့်ဖြစ်ခဲ့ပါ။
ကိုယ့်ကိုယ်ကို ဒီလိုလုပ်ဖြစ်မယ်လို့ မထင်မှတ်ထားခဲ့၍ ရင်အစုံမှာခုန်​နေပုံက မရပ်မနားဖြစ်​သော​ကြောင့်။

သို့​သော် ရိ​ပေါ်ရဲ့လက်ကိုတွဲထားသည်ကိုလည်း ရှောင်းကျန့်ကိုယ်တိုင်ပင်သတိမထားမိစွာ မလွှတ်​ပေး​မိသေးပါ​​ချေ။

"ကျွန်​တော်..."

နှစ်ဦးနှစ်ဖက် တိတ်ဆိတ်​နေခဲ့ကြရာမှ ရိ​ပေါ်ဘက်က စကားသံထွက်လာ​သောအခါ
ဘာတစ်ခွန်းမှပြန်မဆိုပါ​သော်လည်း ​ရှောင်းကျန့်ခါးကိုမတ်လိုက်ရင်း နား​ထောင်ဖို့အသင့်ဖြစ်​နေခဲ့သည်။

Yes,I like,you too? Where stories live. Discover now