52

1.4K 143 32
                                    

Yes,I like,you too?

အခန်းသည်တိတ်ဆိတ်​နေ​သောခံစားချက်တို့​ကြောင့် ထင်းလင်းခြင်းမရှိ၊ဖြူ​လျော့​နေသလို ဖြူလွှလွှကုတင်ထက် လှဲ​လျောင်း​နေ​သောကောင်​လေးသည်လည်းဖြူ​လျော့လို့နေသည်။

အိပ်​ပျော်​နေဟန်ရှိ​သောအနှီလူက​လေးသည် ​ဘေးနားမှသူ့အားမျက်​တောင်ပင်မခတ် ပူပန်စွာ​စောင့်နေ​သောလူသားအားတမင်လျစ်လျူရှုထား​လေသလား။ ​အေးစက်စွာ တုန့်ပြန်ချက်နည်းနည်းက​လေး​တောင်မှမ​ပေးပါ​ချေ။

​ရှောင်းကျန့် ဝမ်ရိ​ပေါ်အား ငြိမ်သက်စွာ​စောင့်ဆိုင်း​နေမိပါ၏။

သူဘယ်​လောက်စိတ်ပူ​နေရသလဲ သူသာသိမည်။

ဆရာဝန်က စိုးရိမ်စရာမရှိ​ဘူး...အစားစုံသွားလို့ဗိုက်အနည်းငယ်​အောင့်ရုံဟုဆိုသွား​တော့မှ သူ့မယ်ဟင်းချနိုင်ခဲ့ခြင်း။ အစကမူ အသက်ပင်မရှုဝံ့သည်အထိဖြစ်ခဲ့ရ၏ဟုဆို​နေခဲ့လျှင် ဤသည်မှာလိမ်ညာ​နေခြင်းမဟုတ်ပါ။ ဝမ်ရိ​ပေါ်အတွက်ဆို သူ့တွင်အတုအ​ယောင်ဘာတစ်ခုမှမရှိသဖြင့်ပင်။

သို့​သော် ကိုယ်​တွေလက်​တွေ​အေးစက်ပြီး သူ့ရင်ခွင်ထဲငြိမ်သက်​နေခဲ့​သောဝမ်ရိ​ပေါ်ကို ပြန်မြင်​ယောင်မိတိုင်းသူ့စိတ်​တွေမ​အေးနိုင်​ပါ။ 

ပင်ပန်းလို့အနားယူ​နေရုံလို့သာ ​ဒေါက်တာမ​ပြောခဲ့ပါက ဝမ်ရိ​ပေါ်နိုးမလာဘူး​ဆိုပြီး ​ရှောင်းကျန့်တစ်​ယောက်တည်း ဘယ်​လောက်ထိပျာယာခတ်​နေမိမည်မသိနိုင်​ပေ။

ဝမ်ရိ​ပေါ်ကဆိုးပါသည်​လေ။

တစ်​နေကုန်​ရယ်​မော​နေရာက ရုတ်တရက်...။ သူ့ကိုစိတ်ပူ​အောင်လုပ်ရက်သည်။
အခုထိလည်းနိုးမလာ​သေး။ ​တွေးပူရသူအဆင်​ပြေ​​လိမ့်မယ်လို့ထင်ရက်လို့လား...မ​ပြောတတ်​ချေ။

သူက​တော့ ဒီလူသားက​လေးအမြန်ဆုံး​နေပြန်​ကောင်းပြီး ရယ်​မော​နေတာကိုပဲမြင်ချင်မိသည်။ အပြုံး​တွေကသာလျှင်သူ့ရဲ့ဆုလာဘ်လို့သူ​ပြောခဲ့တာကို သူ​တောင့်တခဲ့တာကို ဝမ်ရိ​ပေါ်မသိ​သေး၍သာ ဒီလိုမျိုးငြိမ်​နေနိုင်ခြင်းဟုမှ​တ်ယူပါသည်​လေ။

Yes,I like,you too? Where stories live. Discover now