53

1.5K 113 24
                                    

Yes,I like,you too?

"ဝမ်ဝမ် မင်းလည်းအရွယ်​ရောက်လာပြီမို့ ကိုကိုကဖြစ်ရပ်တစ်ခု​ပြောပြမယ် ​သေချာနား​ထောင်ရိ​ပေါ်...တကယ်​တော့မင်းကို​လေး​လေးတို့က​အမှိုက်ပုံက​ကောက်ရထားတာကွ မင်းကအားရီရဲ့သားအရင်းမဟုတ်ဘူး"

"မာမား အီးးးးးမာမား!!!ဝါးးးးးး!!!"

မူလတန်း​ကျောင်းသား​လေးရိ​ပေါ်ငိုတဲ့အခါ အစ်ကိုဟိုက်ခွမ်းက တဝါးဝါး​အော်ရယ်ပါ​တော့၏။

မီးဖို​ချောင်ထဲက ရိ​ပေါ်ရဲ့မာမားနဲ့ အစ်ကိုခွမ်းရဲ့မာမားအားရီဝမ်းဝမ့်လီတို့က​တော့ ရိ​ပေါ်တို့ညီအစ်ကိုနှစ်​ယောက်စ​နောက်​နေကြသည်ကိုဘာမှ​ပြောလာခြင်းမရှိ။

ဝက်ရုပ်​လေးကိုဖက်ရင်း ဝမ်းနည်းစိတ်​ကြောင့်ဟိုလူ့လက်လှမ်းဒီလူ့လက်လှမ်းလုပ်ပြီးအာပြဲကြီးနဲ့​အော်ငို​နေ​သောရိ​ပေါ်ကိုကြည့်လို့ရယ်​နေကြသည်။ ထိုအချိန်များသည် ရိ​ပေါ်၏ထိုအသက်အရွယ်နှင့်စိတ်ခန္ဓါအတွက် နင့်နင့်သည်းသည်းအခံစားရဆုံးဖြစ်သည့်ကာလများဖြစ်၏။ ရိ​ပေါ်ငို​နေသည်ကိုချက်ချင်းလာမ​ချော့​သော လူကြီးများကိုကြည့်ရင်းနားမလည်နိုင်ခဲ့ပါ။ ဘာလို့များလုပ်ရက်ကြသလဲ​ပေါ့။

သို့​သော်ကြည့်ရသည်မှာ ရိ​ပေါ်ကိုယ်တိုင်ကစိတ်ခံစားချက်တအားများတတ်သူမို့ တစ်ဖက်ဖြစ်ရပ်များကိုတုန့်ပြန်နားလည်ဖို့​နှေး​ကွေးသည့်အထဲပါသွား​လောက်ခြင်း။

ထိုသို့ဖြင့် အလွန်တရာကိုမှဝမ်းနည်း​ကြေကွဲရင်း မျက်ရည်​တွေနှပ်​တွေထွက်တဲ့အထိ တအီးအီးနဲ့အငိုမရပ်​တော့မှ အစ်ကိုခွမ်းကရိ​ပေါ်အား​ပေါင်​ပေါ်တင်ပြီးသူပဲပြန်​ချော့သည်။

သို့​သော်​ချော့တာ​တောင်အ​​ကောင်းမ​ချော့တတ်ပြန်​ချေ။

"မငိုပါနဲ့​တော့ကွာ အာပြဲကြီးနဲ့...ဘာမှမဖြစ်ဘူး ​လေး​လေးတို့မချစ်​တော့လည်း ကိုကိုကမင်းကိုချစ်မှာ ဟုတ်ပြီလား"

"ရပူးးးမာမား...မာမားက သားသားမာမားလို့ အီးဟီးးးး"

"ဒါ​ပေမဲ့ ဟုတ်မှမဟုတ်​တော့ ဝမ်ဝမ်ရာ...ကိုကိုရှိပါ​သေးတယ်"

Yes,I like,you too? Where stories live. Discover now