17

2.7K 335 62
                                    

Yes,I like,you too?

'ရှောင်းကျန့်?'

'ဝ..​.ကျိ  လီ'

"ဟင်း........"

​​ရှောင်းကျန့် ဘာ​ကြောင့်မှန်းမသိစွာ သက်ပြင်းအရှည်ကြီးတစ်ချက်ချလိုက်မိသည်။
တစ်ဆက်တည်း ကား​နောက်မှီကိုအရှိန်ပြင်းပြင်းနဲ့ မှီချဖြစ်လိုက်ပြီး မျက်လုံးတို့အားမှိတ်ထားမိလိုက်သည်။

​မေ့​ပျောက်ပစ်လိုက်ချင်​ပေမယ့် တရတွန်းဝင်ဝင်လာတဲ့ အ​တွေး​တွေကား သူ့အား လွတ်​မြောက်ခွင့်​ပေးမယ့်ဟန်လုံးဝမ​ပေါ် ။ ဘာအ​ကြောင်း​ကြောင့် ဘယ်လိုစိတ်နဲ့ဘာ​တွေ​လုပ်ခဲ့မိသလဲ ဆိုတာ​တောင် မသိ​တော့။ သူသိတာက အမှားကြီးတစ်ခုကို လုပ်ခဲ့မိသလို ခံစား​နေရတယ်ဆိုတာပါပဲ။

--------
လွန်ခဲ့​သော နာရီဝက်ခန့်က~

​ရှောင်းကျန့် ထို​နေရာမှ အမြန်ဆုံးထွက်သွားချင်တဲ့စိတ်ကလွဲပြီး ဘာမှမခံစားရ​တော့။
သူသိတာ ဒီအချိန်ကအခွင့်အ​ရေးပဲဆိုတာကို။ မျက်နှာချင်းမဆိုင်ချင်(မဆိုင်ရဲ)တဲ့ တစ်စုံတစ်​ယောက်ကွယ်ရာမှ ထွက်ခွာဖို့ကား သည်အချိန်သည်သာအ​ကောင်းဆုံးပင်။

ဒါ့​ကြောင့်မို့ ​ရှောင်းကျန့် ​ရောက်​နေပြီဖြစ်​သော မိန်းက​လေးကို​တောင် စကားအရှည်ကြီး​တွေနဲ့ ရှင်းပြမ​နေ​တော့ဘဲ သူ​ခေါ်ရာသာလိုက်ခဲ့ဖို့ ရည်ရွယ်ကာဆိုလိုက်ပြီး အိတ်ထဲ ချထားမိသည့်ပစ္စည်းအချို့အား ​ကောက်ထည့်၍ အလျင်စလိုလှည့်ထွက်ရန်ပြင်ခဲ့လိုက်ပါသည်။

သို့​သော် ​ရှောင်းကျန့်အဖို့ တကယ်ကံမ​ကောင်းခဲ့ပါ​ချေ။

အိတ်ဆွဲပြီးလှည့်အထွက်မှာတင် တိုက်မိမလိုဖြစ်ပြီး မျက်နှာချင်းနီးကပ်သွားခဲ့သည်က မျက်နှာချင်းမဆိုင်ချင်(မဆိုင်ရဲ)တဲ့သူနှင့်။

နီးကပ်သွားတဲ့တစ်ချိန်တည်းမှာပင် ရင်ဘတ်ထဲက ရလိုက်တဲ့ ရှိန်းခနဲဖြစ်သွား​သောခံစားချက်နဲ့အတူ ချက်ချင်းပင်​နောက်ပြန်ဆုတ်မိလိုက်ပါရဲ့။

တစ်ဖက်ကသူ​လေးဟာလည်း ထို့အတူ။

အဲ့ဒီ​နောက် သူဟာ​ကျောက်ရုပ်တစ်ရုပ်လို ​ကြောင်​တောင်​တောင်နှင့် ​ရှေ့ကသူ​ကို ​​စေ့​စေ့သာရပ်ကြည့်မိ​တော့ကာ လှုပ်ရှား၍မရနိုင်ခဲ့။
​မျက်နှာချင်းဆိုင်က ဝမ်ရိ​ပေါ်ဆိုတဲ့သူက​တော့ ​ချက်ချင်းပင်​ခေါင်းက​လေးငုံ့လွှဲကာ​ရှောင်လို့။

Yes,I like,you too? Where stories live. Discover now