45

1.7K 181 16
                                    

Yes,I like,you too?

ချစ်ခြင်းတရား...။
ဤသည်ဟာ ဆန်းကြယ်သည်လား?
ဤသည်ဟာ ထူးခြားသည်လား?

မှန်သည်။ ဤအရာသည် လွန်စွာမှ အံ့သြဖွယ်​ကောင်း​လှပေသည်။

ဤအရာသည် ကြမ်းတမ်း​သောလူတစ်​ယောက်ကို နူးညံ့သွား​အောင် သင်​ပေးနိုင်သကဲ့သို့ အ​တွေးအ​ခေါ်ရင့်သန်သူတစ်ဦးမှ ကမူးရှူးထိုးဆန်သူ ၊ ရင့်ကျက်​သောသူအဖြစ်မှ က​လေးဆန်​သောသူအဖြစ်သို့ ​ပြောင်းလဲစေဖို့လည်းတတ်နိုင်၏။

ချစ်ခြင်းတရားသည် အနိမ့်ဆုံးမှသူကို အမြင့်ဆုံးထိပ်အထိသို့​ရောက်​အောင် ဆွဲ​ခေါ်​နိုင်သကဲ့သို့ ဘာမျှမကျန်​တော့သည်အထိလည်း ဖြစ်​စေတတ်​သောသ​ဘောရှိ၏။

ထိုသို့အရိုင်းဆန်ကာ လှပ​သော သ​ဘော​ကို​ဆောင်သည့် ဤချစ်ခြင်းတရားဆိုသည်ကို မြင့်မြတ်​သောဘုရားသခင်နှင့် ဘုန်း​တော်ကြီးများမှလွဲ၍ လွန်ဆန်နိုင်သူ မရှိနိုင်။

တစ်ချို့မှာမူ လွန်ဆန်နိုင်​သော်လည်း မလွန်ဆန်ချင်ကြ။

အဘယ်​ကြောင့်ဆို​သော်ကား...ချစ်ခြင်းတရားဟာ ဆူးများနှင့်လှပ​သော နှင်းဆီတစ်ပွင့်သို့မို့။

ချစ်မိသွား​သောသူသည် ယစ်မူးဖွယ်အလှတရားကို ဖြတ်နိုင်ဖို့ ခဲယဥ်းလှ​လေသည်။

"လွမ်း​နေတာပဲ​ ​ရှောင်းကျန့်ရဲ့"

​သူ၏နှုတ်ခမ်းပါးများမှာ ​ကော့​ကော့ညွှန့်ညွှန့်။
မျက်ဝန်းများကမူ ​မှေးကျ​နေခဲ့ပြီ။

ခပ်ရဲရဲနားက​လေးများသည်​တော့ စွင့်လို့ လွင့်လို့ရှိတုန်း။
ဤသို့ဤပုံ စကားခွန်းက​လေးများကို တစ်ဖက်ကများဆိုလာဦးမည်လားဟု​မျှော်လင့်ရင်း​ပေါ့။

လွမ်း​နေသည် ။ စကားခွန်းကား ရိုးရှင်းလှသည်။ သို့​သော် ချစ်ခြင်းတရားကဲ့သို့ပင် ထက်၏။

ချစ်မိပြီဆိုသည်နှင့်တစ်ပြိုင်နက် သူပါလာပြီမို့ အလွမ်းဆိုသည်ကို အချစ်၏ ​နောက်လိုက်အ​စေအပါးဟု​ခေါ်ရ​လောက်မည်။ လွမ်း​မောခြင်းဟာလည်း ငြင်းဆန်နိုင်ဖွယ်မရှိ။ ​ဆွေး​နေရသည့် ခံစားချက်ကပင် ချစ်ခြင်းတရားကိုတိုးပွား​စေသည်မို့။

Yes,I like,you too? Where stories live. Discover now