42

2.6K 253 49
                                    

Yes,I like,you too?

ကားတံခါးကိုဖွင့်ပြီး​နောက် မှီတွယ်ထားတဲ့ရိ​ပေါ်ကို ကားထဲဝင်​စေလိုက်သည်။ ယိုင်တိယိုင်နဲ့ကိုယ်က​လေးက ​ပျော့​ခွေ​နေတာ​ကြောင့် ချက်ချင်းမဝင်။ ယိမ်းထိုး​နေတာ​ကြောင့် ကား​ဘောင်နဲ့မ​ဆောင့်မိ​စေရန် လက်နဲ့ခံထား​ပေးလိုက်တာ မှန်သွားသည်ဟုဆိုရမည်။ ​ရှောင်းကျန့်ရဲ့လက်ဖဝါးထဲဝင်လာတဲ့ ​ခေါင်းက​လေးက ​ရှောင်းကျန့်သာမရှိရင် အမိုး​စောင်းနဲ့ကွက်တိပဲမို့။

ကိုယ်တစ်ပိုင်းဝင်သွားတဲ့အခါ အ​နောက်မှီကိုဇိမ်​ပြေန​ပြေမှီပြီး ငြိမ်သွား​လေတဲ့ ရိ​ပေါ်​ကြောင့် ​ရှောင်းကျန့်ပြုံးလိုက်ပြီး ​အောက်သို့ကျ​နေဆဲဖြစ်သည့် ​ခြေ​ထောက်များကိုကားထဲသို့တင်​ပေးလိုက်သည်။ အဲ့ဒီ​နောက်တစ်ခါတည်းခါးပတ် ပတ်​ပေးလိုက်​ပြီး ကားတံခါးကိုပိတ်ကာ သူ့​နေရာသို့သူသွား၍ ​မောင်းထွက်လာခဲ့လိုက်၏။

ကား​မောင်းရင်းလှမ်းလှမ်းကြည့်မိ​တော့ ​ခေါင်းက​လေး​​ဘေးစောင်းကာအိပ်​ပျော်​နေသည့် ရိ​ပေါ်ကို​တွေ့ရတာ​ကြောင့် ​နောက်များဖြင့်ဆိုလျှင် ကားထဲလည်ပင်းအစွပ်အဆင်သင့်ထားထားရမည်ဟု​တွေးလိုက်မိသည်။ အမှီအကာအရံမရှိ ခေါင်း​က​လေး​စောင်းကာ အိပ်​ပျော်​နေသည်မို့ နိုးလာရင် ​လည်ပင်းနာနိုင်​ခြေရှိတာ​ကြောင့်။

​ခေါင်းက​လေး​​စောင်းကာ ခါးပတ်ကြိုး​ပေါ်ပြန်မှီအိပ်​နေတဲ့ ရိ​ပေါ်​ရဲ့ ပါးက​လေး​တွေဟာ ကြိုးနဲ့ပိပြီး နှုတ်ခမ်းက​လေးက​ထော်​နေသလို။ အိ​နေ​လောက်မည့် ပါးက​လေး​တွေကလည်း အစ်​ထွက်​နေတာ​ကြောင့် ရိ​ပေါ်ရဲ့ပုံစံက ဘဲနှုတ်ခမ်း​လေး​တွေလို။
​ရှောင်းကျန့် ကား​မောင်းရင်း ရယ်​နေမိ​တော့သည်။

​ပေကျင်းရဲ့ည​တွေကို ​သေချာမကြည့်မိခဲ့ဘူးနှင့်တူသည်။ ဒါမှမဟုတ် ယ​နေ့ညမှပဲ ​ပေကျင်းဟာအသက်ဝင်​လေးသလား သူမသိပါ​ချေ။
သို့​သော် အ​​ရောင်စုံ​အောင် ညွှတ်ညွှတ်ကျလာသည့် အလင်း​စက်များ​နှင့် အိပ်​ပျော်​နေ​သော ဝမ်ရိ​ပေါ်ဟာ လိုက်ဖက်လွန်းသည်ဟု​တော့ ​တွေးမိလျက်သား။

Yes,I like,you too? Where stories live. Discover now