14

2.8K 343 31
                                    

Yes,I like,you too?

"ဟင်? ဟယ်ပင်း​တောင် မင်္ဂလာ​ဆောင်​တော့မှာတဲ့လား?"

"​အေး​လေ...​ဆောင်ပြီ​ပေါ့၊ အိမ်​ထောင်ရက်သားကျရမယ့်အရွယ်ရောက်​နေပြီ​လေကွာ"

"အာ..အဲ့တာလည်းဟုတ်သားပါပဲ..မသိရင်အဖြစ်အပျက်​တွေက မ​နေ့တ​နေ့ကလိုပဲ​နော် ငါတို့​တွေ​ကျောင်းပြီးသွားတာ​တောင် အ​တော်ကြာ​နေပြီပဲ"

​ဆွေး​ဆွေးက​လေး​ပြောလာ​သော ဝမ်ရိ​ပေါ်ကား လူငယ်အရွယ်က​ကျောင်းသားဘဝကို အမှန်ပြန်လွမ်း​နေသည့်ပုံ။
ဝမ်ရိ​ပေါ်က ​လက်ထဲကိုင်ထားတဲ့ ​ကော်ဖီခွက်က​လေးကို​ငေး​နေပြီး ဖန်ရှင်းက​တော့ ဝမ်ရိ​ပေါ်ကိုတစ်လှည့် ကွန်ပျူတာကိုတစ်လှည့် ​ငေးကြည့်​ငေးကြည့်လုပ်လျက်။

သူတို့ယခု​ပြော​နေကြတဲ့အ​ကြောင်းအရင်းက ​ကျောင်းတုန်းကငယ်သူငယ်ချင်း ဒါမှမဟုတ် အတန်း​ဖော်တစ်​ယောက်ဖြစ်တဲ့ ဟယ်ပင်းအ​ကြောင်းပင်။
​ပြောရမယ်ဆို ဟယ်ပင်းကအတန်းရဲ့ ​မော်နီတာတစ်ဦးဖြစ်ခဲ့သည်ဆိုရင်လည်းမမှား။
သ​ဘောလည်း​ကောင်းသလို စည်းကမ်းလည်းရှိလှတာမို့ သူတို့​တွေ​မော်နီတာဟယ်ပင်းကို ​လေးစားခဲ့ကြ​သေးသည်မလား။

ယခု​တော့ သူတို့​လေးစားရပါ​သော ထို​မော်နီတာဟယ်ပင်းက ​နောက်အပတ်စ​နေဆိုလျှင် လက်ထပ်​တော့မည်ဖြစ်ပါသတဲ့။

ကြားကြားချင်းတုန်းက ရိ​ပေါ်မှာအံ့သြလိုက်ရတာ ။ ဘာလို့ဆို ရိ​ပေါ်ရဲ့စိတ်ထဲ သူတို့​တွေကအသက်ကပဲ အရမ်းငယ်​​နေ​သေးသလိုလို ​ကျောင်းတုန်းကအမှတ်တရ​တွေက ​ဝေးကွာ​နေတာမျိုးမဟုတ်ဘဲ အရမ်းနီးစပ်စွာတည်ရှိ​နေ​​ခဲ့သေးသလို ခံစား​နေရ​​သေးတာ​ကြောင့်ဖြစ်ပါ၏။

တကယ်က ၇နှစ် ၈နှစ်​လောက်​တောင်ကြာခဲ့ပြီဖြစ်သတဲ့။
ဘာလိုလိုနဲ့ အချိန်​တွေ​တောင်အများကြီးကုန်ခဲ့​ပြီးပြီ ၊ သူသတိ​တောင်မထားမိခဲ့​ဘူးနဲ့တူပါရဲ့။

"ဒါဆို ရိ​ပေါ် လာမယ့်စ​နေသွားကြမယ်မလား?"

ငြိမ်ငြိမ်က​လေးထိုင်ကာ အ​တွေးများ​နေမိတုန်း ဖန်ရှင်းက တစ်ဖန်ဆိုလာပြန်တာမို့
ရိ​ပေါ်ဖန်ရှင်းဆီသို့ အာရုံ​တွေပို့လိုက်သည်။

Yes,I like,you too? Where stories live. Discover now