5

3.4K 436 22
                                    

Yes,I like,you too?

​နောက်ထပ်တစ်ခါ အထပ်​ပေါင်း၆၀​လောက်ရှိပြီး မှန်​တွေနဲ့ကာရံထားတဲ့ ကြီးမားလှ​သော ဒီအ​ဆောက်အဦးကြီး​ရှေ့ကို​ရောက်လာပြန်ပါပြီ။
ပထမတစ်​ခေါက်တုန်းက အင်တာဗျူးမို့ စိတ်လှုပ်ရှားခဲ့ရ​ပြီး ဒီတစ်​ခေါက်​ကတော့ စိတ်မလှုပ်ရှားရဘဲ စိတ်ဖိစီးမှု​တွေဝင်လာတာဖြစ်သည်။

အထဲဝင်သွားတာနဲ့ တစ်​ယောက်တည်းအလုပ်လုပ်ရ​တော့မှာမို့ ဘယ်သူမှသူ့ကိုလာကူညီမှာမဟုတ်​တော့။
မာမားလဲလာမကူညီ​တော့ဘူး။ ပါပါးလည်းလာမကူညီ​တော့ဘူး။ ဖန်ရှင်းကလည်း လာကူညီ​ပေးမှာမဟုတ်​တော့ပါဘူး။

ဟွန့်...ဘာလို့အသက်ကြီးလာတာနဲ့အလုပ်လုပ်ခိုင်းကြတာလဲ? အသက်၂၆နှစ်ပြည့်​တော့​ရော အိမ်မှာပဲ ငယ်ငယ်တုန်းက​လိုမ​နေရ​တော့ဘူးလား? ပါပါးတို့​မွေးထားတာပဲကို။ အလုပ်လုပ်ရရ မရရ ထမင်း၃နပ်​ကျွေးရဦးမှာပဲကို ဘာလို့အတင်း​တွေခိုင်း​နေလဲနားမလည်နိုင်​တော့။ တကယ်ကြီးသူဟာ​မွေးစားသားများလား..။

"​ဝေ့...ဝင်​တော့​လေ၊ ဘယ်အချိန်ထိရပ်ကြည့်​နေမှာလဲ? "

ရိ​ပေါ်ကိုလိုက်ပို့ရာမှ မသွား​သေးတဲ့ဖန်ရှင်းက ကား​ပေါ်က​နေလှမ်းဆူ​လာတဲ့အခါ ရိ​ပေါ်တစ်​ယောက် ဖန်ရှင်းအား ဆူပုပ်ပုပ် မျက်နှာငယ်​လေးနဲ့လှည့်ကြည့်လာ​လေပြီး

"မသွားချင်​တော့ဘူး...ငါအိမ်​ပေါ်ကပဲဆင်းချင်တယ်လို့" ဟု​ပြောလာသောအခါ
စိတ်မရှည်​တော့​သော ဖန်ရှင်းက စီယာတိုင်နဲ့​ခေါင်းနဲ့​ဆောင့်ပစ်မိမတတ်။
ဒီ​ကောင်ဘာလို့အဲ့​လောက်တောင် အိမ်​ပေါ်ကဆင်း​ချင်​နေလဲမသိ။

"လဒ​​လေး​ရေ! ​ရောက်​နေပြီကို "

"​ဒါ​ပေမယ့် ​ကြောက်တယ်ဟ! ငါမဟုတ်တာ​တွေ လုပ်မိရင် ဘယ်လိုလုပ်မလဲ?"

​အော်ဆဲမိ​ပေမယ့် မျက်နှာငယ်​လေးနဲ့ ပြန်​အော်လာပြန်တဲ့အခါလည်း ဖန်ရှင်းမှာ စိတ်မ​ကောင်းဖြစ်ရပြန်ပါသည်။ တကယ်လဲရိ​ပေါ်ကသူစိမ်း​တွေအများကြီးနဲ့ မ​နေဖူးဘူးမဟုတ်လား။ ဒါကိုမြင်​တော့ အလယ်တန်း​ကျောင်းစတက်တဲ့​နေ့တုန်းက အနိုင်ကျင့်ခံရလို့ ​​ချောင်ထဲထိုင်ငို​နေတဲ့ ရိ​ပေါ်ကို​ပြေးသတိရမိပါတယ်။

Yes,I like,you too? Where stories live. Discover now