54

1.2K 88 23
                                    

Yes,I like,you too?

'အန်ကယ်ရယ်...ဒီ​နေရာမှာအန်ကယ့်သား​လေးလို့သာဖြည့်​တွေးကြည့်​နိုင်ခဲ့ရင်...အန်ကယ်ခွင့်လွှတ်လိမ့်မယ်မဟုတ်ဘူးလားဗျာ'

"ဝမ်ဝမ်...ဝမ်ဝမ်"

"အမ်...အင်း"

"လာ​လေ...အဆင်သင့်ဖြစ်ရင်"

ရှေ့မှမြင်ကွင်းကြီးတစ်ခုလုံးသည်အတိတ်မှလက်ရှိသို့ရုတ်ချည်းပြန်​ရောက်လာခဲ့ခြင်း​ကြောင့် စိတ်ကူးထဲလင်း​နေ​သောအပြင်ဘက်သည်လက်ရှိတွင်​မှောင်ပိန်း​​နေ​သောအခန်းဖြစ်​နေသည်။

ကုတင်​စွန်း၌ကျုံ့ကျုံ့က​လေးထိုင်ရင်း​ငေးငိုင်​နေခဲ့​သောဝမ်ရိ​ပေါ်သည် တံခါးဝမှ​နေ၍လာ​ခေါ်​သောဖန်ရှင်းအသံကိုကြားမှသတိပြန်ဝင်လာခဲ့သည်။ ​သို့​သော်​ခဏ​လောက်ယောင်ချာချာဖြစ်​နေ​သေးသည်။ မျက်​တောင်​များအားအနည်းငယ်မျှတဖျတ်ဖျတ်ခတ်လိုက်ကာမှပစ္စုပန်သို့အတိအလင်းပြန်​ရောက်နိုင်ခဲ့၏။

"လာ​လေ..."

"​အော အင်း"

ဘေးတွင်ချထား​သော သိုင်းလွယ်အိတ်အနက်က​လေးကိုဆွဲယူရင်းထ​တော့ ဖန်ရှင်းကပြုံးကာ​ခေါင်းငြိမ့်ပြရင်းသူ့အလာအား​စောင့်ကြို​နေ၏။ အနားသို့​​ရောက်သွားတဲ့အခါ သူ့ကိုဆွဲ​ခေါ်ပြီး ​​ရှေ့မှတတွတ်တွတ်ရွတ်ရင်းဦး​ဆောင်​လေသည်။

"အန်တီက ရာမန်လုပ်ထားတာကွ...​ခေါက်ဆွဲ​တွေကလည်းအလုံးကြီး​တွေ ရှယ်ပဲ"

ဖန်ရှင်းက​ပျော်ရွှင်စွာဆိုရှာသည်။ သူပုံမှန်အတိုင်းပြန်ဖြစ်​စေဖို့ကြိုးစား​ပေး​နေမှန်းသိတာမို့ ရိ​ပေါ်မှာ​​လျစ်လျုရှုမ​နေနိုင်ဘဲထောက်ခံသည့်သ​ဘောဖြင့်ခေါင်း​ညိမ့်ပြလိုက်ရသည်။ ဒီအတိုင်းငြိမ်​နေမိရင် အားလုံးစိတ်ပူပြီးစိုးရိမ်ကြမှာကိုသူစိုးလို့ပါ​လေ။

သူ့အတွက်နဲ့မည့်သူ့ကိုမှစိတ်ဒုက္ခထပ်မ​ရောက်​စေချင်​တော့တာကအမှန်သာဖြစ်သည်။ အပိုလူတစ်​ယောက်လို အ​နှောက်အယှက်​သာ​ပေးတတ်တဲ့လူတစ်​ယောက်ဖြစ်လိုခံစားချက်အားသူသာနားလည်ပါသည်။

Yes,I like,you too? Where stories live. Discover now