13

2.8K 346 18
                                    

Yes,I like,you too?

'တီတီတီတီ...ချ​လောက်'

တိတ်ဆိတ်​နေ​သော ရပ်ဝန်း၌ နံပါတ်ရိုက်နှိပ်သံ တတီတီများ ထွက်​ပေါ်လာပြီးနောက်
တံခါးမှာလည်း ပွင့်သွားခဲ့သည်။

​ချောက်ခနဲပွင့်သွားတဲ့တံခါး​နောက် တစ်ပြိုင်နက်တည်း သူလိုက်ဝင်မိလိုက်​တော့
ထင်ထားသလို​ခြေ​ထောက်နား​ပြေးကပ်လာတဲ့ ​အရာတစ်ခု။
​ရှောင်းကျန့်ပြုံးလိုက်မိပါသည်။

"လာကြိုတာလား? ထွက်​ပြေးဖို့ကြံ​နေတာလား​ဝေ..."

"​မြှောင်"

​ရှောင်းကျန့် တံခါးကို ​သေချာပြန်ပိတ်လိုက်ပြီး သူ့ရဲ့​ခြေတံရှည်​တွေကြား ဝင်ထိုင်ကာ
ပွတ်သပ်​နေ​သော အ​ကောင်​သေး​သေး​လေးအား ​အား​နေ​သောဘယ်ဘက်လက်နှင့် ​ပွေ့ချီလိုက်ပြီး ညာဘက်လက်က အိတ်ကို​တော့ ဆိုဖာ​ပေါ်ပစ်ချလိုက်သည်။

​ရှောင်းကျန့်ရဲ့လက်တစ်ဖက်​ပွေ့စာပဲရှိ​သေး​သော အ​ကောင်ပိစိ​လေးက​တော့ သူ့ရဲ့လက်ထဲ ငြိမ်ငြိမ်က​လေးပဲပါလို့လာ​လေ၏။
ထို့​နောက် ​ရှောင်းကျန့်ပါ ဆိုဖာ​ပေါ်ထိုင်ချလိုက်ပြီး ရင်ခွင်ထဲ​ပွေ့ကာ လည်ပင်းက​လေးကို လက်ညိုး​နဲ့လက်မကိုအသုံးပြုပြီး ဖွ​ပေးလိုက်​တော့ အ​ကောင်​သေး​သေး​လေးက
​ခေါင်း​က​လေး​​မော့ရင်း မျက်လုံးက​လေးမှိတ်ကာ ဇိမ်ခံလို့။

​ရှောင်းကျန့်က​တော့ မျက်ဝန်း​တွေထဲ ကြင်နာမှု​တွေ​ဝေလျက်နှင့်။

"သ​ဘောကျတယ်လား? ပွတ်သပ်​ပေးတာကို ကြိုက်တယ်​ပေါ့​လေ?"

"​မြှောင်..."

​ကြောင်​ပေါက်​လေးကား ​ရှောင်းကျန့်​ပြောတာကို နားလည်​နေသည့်အလား။
ပြုံး​နေသ​ယောင် ပါးစပ်​သေး​သေးက​လေးနဲ့ တ​မြှောင်​မြှောင်​အော်ရင်း ​ရှောင်းကျန့်ကိုကြည့်လာသည်။

​ရှောင်းကျန့်မှာ​တော့ ထိုအချင်းအရာ​လေးကိုကြည့်ရင်း ပြုံး​လေ့သိပ်မရှိတဲ့ နှုတ်ခမ်းပါး​တွေကိုတွန့်​ကွေးလို့ပဲ။

ဒီအ​ကောင်​ပေါက်​​လေး သူ့အိမ်ကို​ရောက်တာ ၃ရက်​တောင်ရှိခဲ့ပြီ။
တစ်ရက်မှငြိမ်းချမ်း​ရေးမရဘဲ စစ်ပွဲ​အလီလီဆင်နွှဲခဲ့ရတဲ့ သူတို့နှစ်​ယောက်က
ယနေ့​တော့ ထူးထူးခြားခြားတည့်​နေပါသတဲ့။

Yes,I like,you too? Where stories live. Discover now