28

2.1K 325 53
                                    

Yes,I like,you too?


ဌာနရဲ့ လက်​တွေ့အကျဆုံး ​နေရာတစ်ခုဖြစ်တာမို့ ခါတိုင်းနဲ့တူမ​နေ။
ပုံမှန်ဆိုလျှင် ရုံးခန်းအကျယ်ကြီးထဲ လူ​တွေအများကြီးရဲ့ တတွတ်တွတ်စကား​ပြောသံ​တွေကြား ကွန်ပျူတာဆီ​ခေါင်းစိုက်လို့ တ​ဂျောက်​ဂျောက်နဲ့ ခလုတ်နှိပ်ရတာဖြစ်​ပြီး ယ​နေ့မှာ​တော့ လူအများရဲ့စကား​ပြောသံ​တွေထက် စက်ယန္တာရား​တွေကြား စက်​တွေရဲ့ပွတ်တိုက်​နေသံ​တွေအကြား အလုပ်လုပ်​နေရတာဖြစ်ပါရဲ့။

ဒါကဘာ​ကောင်းသလဲဆိုရင်​တော့ သူ့​ခေါင်းအတွက်အ​ကောင်းဆုံးပါပဲ။

​ပြောရမယ်ဆိုရင် ရိ​ပေါ်က လူ​တွေနဲ့ဆက်ဆံ​နေရမှာထက် စက်ပစ္စည်း​တွေနဲ့ တစ်​နေကုန် အလုပ်လုပ်ရင်း လက်ပွန်းတတီးသာနေလိုက်ချင်တဲ့ သူမျိုးဖြစ်သည်။
ရိ​ပေါ်က ခံစားချက်​တွေများပြီး အ​တွေး​တွေကို ခန့်မှန်းလို့မရနိုင်​သော ရှုပ်​ထွေးတဲ့လူသား​တွေထက် တည်ငြိမ်ပြီး တစ်သတ်မတ်တည်းသွားတတ်တဲ့ စက်က​လေး​တွေကို ပိုခင်တွယ်တာအမှန်ပင်။

အလုပ်လုပ်​နေရင်း စကား​ပြောရတာလည်းမရှိသလို အားနာ​နေစရာလည်းမလိုတာမို့ ဘာ​ပြောလိုက်ရင် ဘာဖြစ်မယ်ဆိုတဲ့ ရှုပ်ရှုပ်ယှက်ယှက်အ​ကြောင်းအရာ​တွေကို သူစဥ်းစားစရာလိုမ​နေပါ​​တော့​ချေ။
ဒီအတိုင်းတစ်​နေကုန်အလုပ်ထဲအာရုံစိုက်လိုက်ရင် ပြီး​နေတာမျိုးမို့ သူ့အတွက်​ခေါင်းကိုက်ခံ​နေစရာမလို​တော့တဲ့ အလုပ်မျိုးပင်။

ဒါ့​ကြောင့် ဒီမှာအလုပ်လုပ်ရတာကို ရိ​ပေါ်တကယ်​ပျော်ပါ၏။
သို့​သော် နားမလည်တာက ဒီ​လောက် အလုပ်လုပ်လို့ ​ကောင်းတဲ့​နေရာမှာ ဘာလို့ ၅ရက်သာလုပ်ခိုင်းရသလဲဆိုတာပါပဲ။

ဘာ့​ကြောင့်လဲဆိုတာကို စဥ်းစားလို့လည်းမရသလို ကျဲတန့်ရှင်းတို့ကို သွားမေးဖို့ကျတော့လည်း သူဟာမရဲ။ ရင်းနှီး​ပေမယ့်လည်း အရမ်းကြီးမခင်ကြ​သေးတာ​ကြောင့်။ ဒါ့​ကြောင့် သူငြိမ်သာငြိမ်​နေမိခဲ့တာဖြစ်သည်။
မဟုတ်ရင်​တော့ ​​ကျေးဇူးပြုပြီး ဒီမှာပဲ အလုပ်လုပ်ခွင့်​ပေးပါ​တော့ဆိုပြီး ​တောင်းဆိုလိုက်ပြီပဲ။

Yes,I like,you too? Where stories live. Discover now