56

855 100 58
                                    

Yes,I like,you too?

"ကျွန်​တော့်အမှားပါ...ကျွန်​တော်မှားတာပါ ကျွန်​တော့်​ကြောင့်"

"ဟုတ်တယ်...ရိ​ပေါ်မှားတာပဲရိ​ပေါ်"

ကျိရန်၏စကား​ကြောင့် မျက်လုံးဝိုင်းဝိုင်းက​လေး​တွေထဲမှမျက်ရည်ကြည်များသည် ရစ်ဝဲ​နေရာမှပါး​ပေါ်သို့ထပ်မံ၍စီးကျလာ​လေ​တော့သည်။ ငိုလွန်းအားကြီးလို့လည်း မျက်နှာက​လေးမှာ လုံးဝနီရဲ​နေခဲ့ပြီ။ သို့​သော်နဂိုကထက်ရင်ထဲရှင်းသွား၍ထင်သည် ရှိုက်သံ​လေးများမှာ နဂိုက​လောက်မစိပ်​တော့ပါ​ချေ။

ထို့အပြင်ထိုသို့ငို​လေရှာ​သော်လည်း ရိ​ပေါ်သည်​ခေါင်း​လေးတစ်ငြိမ့်ငြိမ့်နှင့်။ သူ့အပြစ်သူနားလည်ပါကြောင်း လက်ခံရှာ​ပြီး​ခေါင်းငုံ့သွား​လေသည်။ ​တော်ရုံဆိုကိုယ်​ရေးကိုယ်တာအ​ကြောင်းမ​ပြောပြတတ်​သော်လည်း ဒီ​ကောင်​လေးခမျာ ဒီတစ်​ခေါက်​တော့ဘယ်​လောက်​တောင်ပြည့်ကျပ်​နေလို့သိပ်မရင်းနှီး​သေးတဲ့သူလိုသူစိမ်းကိုပါဖွင့်​ပြောရရှာ​လေသလဲ​တွေးမိ​တော့လည်းသနားမိပြန်သည်။

ဒီ​​ကောင်​လေးကသူသိပ်ချစ်တဲ့သူ​တွေဆီက​နေ သူ့လုပ်ရပ်​ကြောင့်အမုန်းစကား​တွေထွက်လာမှာစိုးလို့ အချစ်ဆုံးသူ​တွေဆီကို​တောင်အားလုံးမ​ပြောနိုင်ဘူးနှင့်တူပါသည်။

"ရိ​ပေါ် ကျွန်​တော့်ကိုစိတ်ဆိုးသွားသလား"

"​မဆိုးပါဘူး...ကျွန်​တော်ကျိယန်ကိုစိတ်မဆိုးပါဘူးဗျာ ကျိရန်ကအမှန်အတိုင်း​ပြော​ပေးတာပါ ကျွန်​တော်စိတ်မဆိုးရက်ပါဘူး"

တကယ်​တော့ကျိရန်ကိုယ်တိုင်လည်းအနှီ​ကောင်​လေးသူ့ကိုစိတ်မဆိုးဘူးဆိုတာကိုသိပါသည်။ ခဏ​လေး​ပဲ​ပေါင်းရ​သေး​ပေမဲ့ ဒီ​ကောင်​လေးစိတ်ထားဘယ်​လောက်ဖြူ​စင်​လောက်မှန်းသူ​သေချာသိ​နေပြီ။ ယခုပင်သူ့အ​ပြောအ​ပေါ်စိတ်ဆိုးသွားမည်ဟုထင်မှာစိုး၍ရှင်းပြ​နေ​တော့ သက်ပြင်းပါထပ်ချမိ​လေသည်။

"ရိ​ပေါ်..."

ရိ​ပေါ်က​ အပြစ်ရှိသလိုခေါင်း​လေးငုံ့ထားရင်းနှင့်ပင်​​ခေါင်း​လေးညိမ့်ပြသည်။

Yes,I like,you too? Where stories live. Discover now