19

2.5K 323 50
                                    

Yes,I like,you too?

"ငါလည်းမမှတ်မိဘူးဟ...ငါလည်းမ​နေ့ကအ​တော်များသွားတယ်"

"​အေး​လေ...ဘယ်​ကောင် အားအားယားယားလက်ကမြင်းသွားလဲ​တွေးလို့ကိုမရ​နေတာ ၊ ကံ​ကောင်းလို့​ပေါ့..ငါ့ပါးကဒီ​နေ့ထူးဆန်း​နေလို့ ၊မဟုတ်ရင် ငါအိမ်​ခြေရာမဲ့ဘဝ ​ရောက်ရ​တော့မှာ"

"ဟားဟား...ကံ​ကောင်းသွားတာ​ပေါ့ကွာ"

"​အင်းဆို..."

ဖန်ရှင်းက ရိ​ပေါ်ရဲ့စကားကိုနား​ထောင်ပြီး ​ခေါင်းတစ်ခါခါနဲ့ရယ်သည်။
ရိ​ပေါ်က လက်ထဲ​ချောကလက်​ပေါင်မုန့်အကြီးကြီးတစ်လုံးကိုကိုင်လို့ သက်ပြင်း​တွေတချချ။

ယခုရိ​ပေါ်ဟာ ဖန်ရှင်းဆီ​ရောက်​နေတာဖြစ်ပြီး ​ရောက်​နေရတဲ့အ​ကြောင်းအရင်းက​တော့ ​သေချာ​ပေါက် အိမ်ကပါးနဲ့မားရဲ့အချစ်စမ်းပွဲကို ​ရှောင်ချင်လို့ဖြစ်ပါ၏။
သိတဲ့အတိုင်း မားဟာပါးကို အ​တော်​လေးစိတ်ဆိုး​နေသည်​လေ။
ဒါ​ကြောင့်မို့ စိတ်မကြည်​နေတာနဲ့တစ်ဆက်တည်း ဘယ်အချိန်ရိ​ပေါ်ဘက်လှည့်လာမလဲ မသိနိုင်တာမို့ လွတ်ရာ​ပြေးလာခဲ့ခြင်းသာ။

မားကပုံမှန် အချိန်ဆိုလျှင် အင်မတန်မှသ​ဘောချိုလှ​ပေမယ့် စိတ်တိုလာရင်​တော့ သူများထက်နှစ်ပြန်ဆိုးတာမို့ ရိ​ပေါ်တကယ်​ကြောက်ရသည်။ ​နောက်ပြီး မာမားစိတ်တို​နေတာကိုမြင်ရတဲ့အခါတိုင်းလည်း ရိ​ပေါ်မှာစိတ်မ​ကောင်းအမြဲဖြစ်ရတာ​ကြောင့် မာမားမျက်နှာမ​ကောင်းဖြစ်​နေသည်ကို မ​တွေ့ချင်တာလည်းပါသည်​ပေါ့။

ဒါ့​ကြောင့် အား​နေတာနဲ့အတူတူ ​ရေချိုးပြီးကတည်းက ဖန်ရှင်းဆီထွက်လာခဲ့လိုက်တာပင်။ ​နောက်ပြီး ဒီ​နေ့က တနင်္ဂ​​နွေ​နေ့​မို့ ဖန်ရှင်းတို့ရုံးကပိတ်တာ​ကြောင့်လည်း ပါသည်​ပေါ့။

ဖန်ရှင်းတို့ရုံးပိတ်သည်ဆိုမှ bonus လစာ​လေးအား ရုတ်တရက်​တွေးမိရင်း ရိ​ပေါ်မှာစိတ်မ​ကောင်း။ရှင်းရမည်ဆိုလျှင် bonus လစာဆိုတာက သူတို့ရုံးရဲ့အစဥ်အလာအရ တရားဝင်သတ်မှတ်ထားတဲ့ပိတ်ရက်​တွေမှာ အလုပ်မနားဘဲ အလုပ်လာတဲ့သူ​တွေကို ချီးမြှင့်တဲ့ အပိုဆု​ကြေးဖြစ်သည်။ တရားဝင်ပိတ်ရက်ကို တနင်္ဂ​နွေ​နေ့ဟုသတ်မှတ်ထားပြီး ထို​နေ့​တွေမှာပါအလုပ်သွားလျှင် တစ်ရက်အတွက် ၇၅ယွမ်နှုန်းနဲ့ ၅ရက်ရှိလို့ ၅ရက်စလုံးလာလျှင် ၃၇၅ယွမ်​တောင်ပို​ပေးတာဖြစ်သည်။

Yes,I like,you too? Where stories live. Discover now