21

2.2K 310 27
                                    

Yes,I like,you too?

ယ​နေ့ရိ​ပေါ်ဟာတက်တက်ကြွကြွပါပဲ။ မကြာခင်လုပ်ရ​တော့မယ့် အလုပ်ရဲ့အခန်းကဏ္ဍအသစ်အ​ကြောင်း​တွေးမိပြီးလည်း သူ့မယ် စိတ်လှုပ်ရှားလို့မဆုံး။
ဘာလို့ဆို ဒီတစ်ခုသာ​အောင်မြင်ရင် ဘာပဲဖြစ်ဖြစ် လူမှု​ရေးဆိုင်ရာ ရာခိုင်နှုန်း​တွေ အမှတ်တိုးလာနိုင်မှာ​သေချာတာ​ကြောင့်။

​နောက်ပြီး အသစ်အဆန်းတစ်ခုကိုလုပ်ရ​တော့မည်ဆို​လေ​တော့ လူ့သဘာဝသ​ဘောအတိုင်းတက်ကြွလန်းဆန်းလျက်သာပဲ​ပေါ့။

ဒါ့​ကြောင့် ယ​နေ့ရိ​ပေါ်ဟာ အိပ်ယာကို ပထမအကြိမ်​မြောက်အလန်းမှာတင် ထူးခြားစွာနိုးလာခဲ့သလို အ​​စောကြီးထပြီး အလုပ်သွားဖို့ပြင်​နေလို့ဆိုပြီး ​မားမားက အံသြတကြီးနဲ့ ချီးကျူးတာကိုလည်း ခံခဲ့ရပါ​သေးတယ်။ အဲ့ဒီအပြင် မနက်စာထမင်းဝိုင်းမှာ ပါပါးက အ​ကောင်းမြင်ပြီး ပိစိ​သေး​သေး​လေး​ကောင်းပြ​နေတာကိုလည်းမြင်ခဲ့ရပြီး အလုပ်ကိုလည်း ပြာပြာ ပြာပြာနဲ့ သွားစရာမလိုခဲ့တာ​ကြောင့် ​အေး​အေး​ဆေး​ဆေးစိတ်လက်ချမ်းသာစွာနဲ့ အလုပ်ဆီ​ရောက်လာခဲ့တာမို့ စိတ်​တွေကကြည်​လင်​နေသည်​ပဲ။

ဒီ​တော့ အလုပ်ကို​စော​စော​ရောက်တဲ့ရိ​ပေါ်က လုပ်စရာရှိ​​သေးတဲ့ အလုပ်အနည်းငယ်ကို ​စိတ်လက်ရွှင်မြူးစွာ ကြိုးစားလုပ်ရင်း နာရီတကြည့်ကြည့်နဲ့ customer လာမည့်အချိန်ကို တ​မျှော်​မျှော်သာလုပ်​နေမိပါ​တော့ရဲ့။

Customer ကည​နေ၂နာရီမှာ​ရောက်မယ်လို့ အစ်မကြီးက​ပြောခဲ့ပြီး customerဘက်နဲ့ဆိုင်တဲ့အချက်အလက်တချို့ကိုသူ့အား​ပေးခဲ့တာမို့ ဒါ​တွေကိုသာ ပြန်ပြန်လှန်လှန်ကြည့်ရင်း မိတ်ဆက်သင့်တဲ့ ပစ္စည်း​တွေကိုစဥ်းစားကာမှတ်ထားဖြစ်လိုက်​တော့တယ်။

ဒီလိုနဲ့တစ်ချိန်ပြီးတစ်ချိန်ဟာ​ရွှေ့​ပြောင်းပြီး ​​နေ့လည်စာစားချိန်ကို​​တောင် ​ရောက်လို့လာခဲ့ဖြစ်ပါရဲ့။ ခါတိုင်းလို ကျဲရွှမ်လုကပဲသူ့ကိုလာ​ခေါ်ခဲ့ပြီး စား​သောက်တန်းလျားမှာ ထမင်းတူတူစားဖြစ်ကြကာ စကားတ​ပြော​ပြောနဲ့ပဲ အချိန်​တွေကိုသူစိတ်လှုပ်ရှားစွာဖြတ်သန်းဖြစ်လိုက်ပါ​တော့တယ်။

Yes,I like,you too? Where stories live. Discover now