46

1.6K 178 31
                                    

Yes,I like,you too?


"ရိ​ပေါ်...ဒီဘက်ကိုလာခဲ့"

​ထိုစကားကား ရှောင်းကျန့်ကို​ကျော်ကြည့်ပြီး ဆိုလာခြင်းပင်။

​ရှောင်းကျန့် မိမိ​နောက် ကား​ပေါ်တွင်ထိုင်နေသည့် ​ကောင်​လေးကို ခပ်ငဲ့ငဲ့​လေး​စောင်းကြည့်မိလိုက်​တော့ အိပ်ချင်မူးတူးနှင့်ရိ​ပေါ်မှာ မျက်လုံးက​လေးပွတ်လျက်ရှိတုန်း။

​ရှောင်းကျန့်စိတ်နဲ့​ ရှောင်းကျန့်ကိုယ်သာဆိုလျှင် မည်သူ​ခေါ်​ခေါ် ဝမ်ရိ​ပေါ်ကိုမလွှတ်​ပေးဘဲ ဝမ်ရိ​ပေါ်အလိုကျ ဆက်အိပ်​နေ​စေမှာဖြစ်​သော်လည်း သို့​သော် သူ့ကို​ခေါ်သည့်သူကား သူ၏ဖခင်ဖြစ်​နေသည့်အတွက် မလွှတ်​ပေးလို့မဖြစ်ခဲ့ပါ​ချေ။

ရိ​ပေါ်၏အ​ဖေဖြစ်သူနှင့် ​ရှောင်ကျန့်တစ်ခါမှ မ​တွေ့ဆုံဖူးပါ။ ယခုအ​ခေါက်သည် ပထမဦးဆုံးအကြိမ်ဖြစ်​လောက်မည်။

ရိ​ပေါ်တို့အိမ်​ရှေ့အ​ရောက်အိပ်​ပျော်​နေ​သော လူက​လေးကို နှိုးဖို့ ဒါမှမဟုတ် မနိုးခဲ့လျှင် ​​ကူတွဲ​ခေါ်ဖို့ ကား​ပေါ်ကအဆင်း အိမ်ထဲမှထွက်လာ​သော မိဘတို့ကို​တွေ့ ခဲ့ကြရာမှ ယခုသို့မျက်နှာချင်းဆိုင်ဖြစ်ကြခြင်း။

သို့​သော် ယခုထက်ထိ ဝမ်ရိ​ပေါ်၏အ​ဖေဘက်က နှုတ်ဆက်စကားဆိုလာတာမျိုးမရှိ။
​အန်တီမိတ်ဆက်​ပေး၍ ရိ​ပေါ်ရဲ့အ​ဖေမှန်းသိ​သောအခါ လက်ဆွဲနှုတ်ဆက်ဖို့ သူ့ဘက်က ဦးစွာလက်ကမ်း​ပေးခဲ့သည်​တောင် ပြန်လည်ကမ်း​ပေးခြင်းမရှိသည့် ဦး​လေးကား သူ့ကိုသ​ဘောမကျ​ကြောင်း သူသိလိုက်သည်။ အဘယ်​ကြောင့်လည်း​တော့မသိ​ပေ။ ယခုမှ​တွေ့ဖူးခြင်းဖြစ်သည်နှင့်အညီ မ​ကျေနပ်ချက်များရှိ​နေမည်ဆိုတာ မဖြစ်နိုင်​သော်လည်း ဦး​လေးဟာ သူ့အ​ပေါ်ကြည်ပုံလုံးဝမရပါ​ချေ။

သူနှင့် ဝမ်ရိ​ပေါ်တို့ကြားကဆက်ဆံ​ရေးကို သိသလား မသိဘူးလားဆိုတာလည်း သူမသိပါ​။ အကယ်၍ ထိုကိစ္စအတွက်​သ​ဘောမကျသည်မျိုးဖြစ်သည်ဆိုလျှင်​တော့ ပိုလို့​တောင်အချင်းများရ​တော့မည်။

​ရှောင်းကျန့်အတွက် ဝမ်ရိ​ပေါ်မှလွဲလို့ ဘယ်အရာကမှအာရုံထဲမ​ရောက်နိုင်သည်မို့။
ကျန်​သောသူများမှာ မည်သူဖြစ်​နေပါ​စေ၊ ငဲ့ကွက်ဖို့ စိတ်ကူးလုံးဝမရှိပါ​လေ။

Yes,I like,you too? Where stories live. Discover now