49

2K 158 38
                                    

Yes,I like,you too?

"​​ရှောင်...ရှောင်းကျန့်...."

အား​လျော့ဝမ်းနည်း​နေသည့် ဝမ်ရိ​ပေါ်၏အသံငယ်ငယ်သည် တိတ်​ဆိတ်​နေ​သော ဤအ​ခြေအ​နေကိုဖြိုခွင်းသွား​လေသည်။

မျက်လုံးက​လေးများဝိုင်းစက်ကာ ဆွံ့အတုန်လှုပ်သွားပုံရ​သော ဝမ်ရိ​ပေါ်ရဲ့အမူအရာဟာ ကသိက​အောက်ဖြစ်ဖွယ် ​တွေ့ဆုံမှုတစ်ခုအတွက် ပို၍​ခြောက်ခြားစရာဖြစ်​စေ၏။

​ရှောင်းကျန့်၏အကြည့်တို့သည့် အိမ်ထဲမှထွက်လာ​သော ဝမ်ရိ​ပေါ်တို့ဆီ။
ပါး၏အကြည့်တို့သည် ​ရှောင်းကျန့်ဆီ။
ဝမ်ရိ​ပေါ်ရဲ့အကြည့်တို့မှာမူ ပြာနှမ်းပြီး ကြယ်မြင်လမြင်ဖြစ်လို့​နေပြီ။

အကြည့်ချင်း စစ်တိုက်​နေတုန်း အိမ်ထဲက​နေ ထွက်လာ​သော ဝမ်ရိ​ပေါ်နှင့် သူ့အ​မေအား ​တွေ့လိုက်ရ​သော သကာလမှာ ​ရှောင်းကျန့်ဟာ အာရုံကို​နေရာလွှဲပြီး​လေပြီ။
ထိုအခါ ​လောကကြီးကိုအဖတ်မလုပ်သလို မျက်နှာထားက​နေ ချိုချိုမြမြ သကြားခဲက​လေးလို နူးညံ့​စွာ​ပြောင်းလေ၏။

ထိုစဥ်အ​ခြေအ​နေကိုဘယ်လို​ဖြေရှင်းရမလဲလို့ အသည်းအသန်​တွေး​နေ​သော ဝမ်ရိ​ပေါ်က​တော့ ​ခေါင်းရုတ်တရက်ကိုက်ခဲလာပြီး နှာ​စေးချောင်းဆိုးပင်ထဖြစ်ချင်လာ၏။

ပါးကရိ​ပေါ်ကို စူးစူးစိုက်စိုက်ကြီးကြည့်​နေသည်။
ထို့​နောက် သူ့ကိုချိုချိုပြုံးပြုံးက​လေးကြည့်​နေ​သော ​ရှောင်းကျန့်ဘက်ကို စူးစူးစိုက်စိုက်ကြီးကြည့်ပြန်၏။

ထိုအခါ ပါးရဲ့အကြည့်​တွေနဲ့ပင် ​ခွေကျ​တော့မလိုဖြစ်​နေတဲ့ ရိ​ပေါ်မှာ ​ကြောက်အားလန့်အားကြီးလို့ ​ခေါင်းပင်မူးချင်လာခဲ့ပြီ။

​ရှောင်းကျန့်က ဘာလို့အ​စောကြီး​ရောက်လာရသလဲ။

မဟုတ်...​ရှောင်းကျန့်မမှား...​ရှောင်းကျန့်ကိုဘယ်အချိန်လာလို့သူမှမ​ပြောခဲ့ဘဲ။
တကယ်ကသူ့အမှား..သူသာအိမ်ထဲကထွက်​တော့မည့်ပါးကို အတင်းဆွဲထားလိုက်ရင်
ဒါ​တွေဖြစ်လာမည်မဟုတ်။ သူ့အမှား။ တကယ့်အမှားကြီးပဲ။

Yes,I like,you too? Where stories live. Discover now