41

2K 232 25
                                    

Yes,I like,you too?

​ရှောင်းကျန့် ကားကိုရပ်လိုက်ပြီး​နောက် ကား​ပေါ်ကမဆင်းခင် ဆိုင်နာမည်အမှန်ဖြစ်မဖြစ်​ဆိုတာ ​သေချာ​အောင် ​​နောက်တစ်​ခေါက်ထပ်ကြည့်လိုက်သည်။
ဝမ်ရိ​ပေါ်​ပြောသည့်ဆိုင်နာမည်နှင့် ထပ်တူညီပြီး တိကျသည်ဆိုမှ ကားစက်သတ်ပြီးဆင်းလိုက်သည်။

ပတ်ဝန်းကျင်က​တော့ မြို့တွင်းမှာပဲဖြစ်သည်မို့ ည၈နာရီရှိပြီဖြစ်သည့်တိုင်​အောင် လူမစဲ​ပေ။ ပလက်​ဖောင်းလမ်းတစ်​လျှောက် လူများသွားလာလှုပ်ရှား​နေ​သေးဆဲဖြစ်သလို
လမ်းတစ်​လျှောက် ဆိုင်များမှမီး​ရောင်စုံ လမ်းမီးတိုင်များမှ မီး​ရောင်စုံတို့နှင့် မြို့​တော်ကြီးကအသက်ဝင်​နေ​သေးသည်။

​ရှောင်းကျန့်ဆိုင်ထဲသို့ဝင်လာလိုက်သည့်အခါ အရင်ဆုံးဦးကြိုသည်က အသားကင်နံ့ ခပ်​မွှေး​မွှေးဖြစ်ပြီး လူအများအပြား၏ ​ဝေ​လေဝါးလားဆူညံသံများကလည်း သူ့အကြားအာရုံထဲသို့ တမဟုတ်ချင်း တိုးဝင်လို့လာ၏။

ဝမ်ရိ​ပေါ်ကို ​တွေ့လို​တွေ့ငြား ဆိုင်တစ်​လျှောက် ​ဝေ့ဝဲ လိုက်ကြည့်မိ​ပေမယ့် မ​​တွေ့။
ထို့​ကြောင့် အနည်းငယ်​ ဇ​ဝေဇဝါဖြစ်သွားခဲ့ပေမယ့် မရှိဘူးဆိုတာ မ​သေချာ​သေးတာ​ကြောင့် လာကြိုဆိုတဲ့ ဝန်ထမ်းကို လက်ကာပြပြီး ကိုယ့်ဖာကိုယ်သာ ​တစ်ဝိုင်း​ကျော် တစ်ဝိုင်းဖြတ်ရင်း လိုက်ရှာမိ​တော့၏။ 

"ဒီမယ် ဖန်ရှင်း ငါ​ပြောပြမယ် ၊ ဒီမိုက​ရေစီဆိုတာကကွာ လွတ်လပ်စွာ​ပြောဆိုပိုင်ခွင့် လွတ်လပ်စွာ ​ဝေဖန်နိုင်ခွင့်ရှိခြင်းကို ဆိုလိုတာမလားကွ "

ဆိုင်တစ်​လျှောက်ပတ်ကြည့်​နေတုန်း ​ချောင်ကျတဲ့ ​ထောင့်စွန်းတိုင်အကွယ်ဘက်မှ သူ့ထံ​လာတဲ့ အသံက​လေးကိုကြားလိုက်ရတာ​ကြောင့် ​ရှောင်းကျန့်၏​ခြေလှမ်းတို့မှာ တုန့်ခနဲရပ်သွားရသည်။ အ​နောက်သို့ပြန်လှည့်ပြီး ခပ်​ဖြေး​ဖြေးထို​နေရာဆီသွားမိ​တော့ ​ဦးဆုံး​တွေ့ရသည်ကား ဝမ်ရိ​ပေါ်အနား ​တွေ့ရ​လေ့ရှိတဲ့ ကုမ္ပဏီကအမျိုးသမီးနှစ်ဦးကို။

ထို့​နောက်ထပ်ပြီးကပ်သွား​တော့ ဝိုင်းကာ ထိုင်​နေကြသည့် အခြားလူများပါ​တွေ့လာရပြီး ​​နောက်ဆုံးမှ ရင်းနှီး​နေခဲ့​​သော ​ကျောပြင်က​လေးနှင့် ​ခေါင်းလုံးလုံးက​လေးအား မြင်​တွေ့ ခွင့်ရခဲ့​လေ​တော့သည်။

Yes,I like,you too? Where stories live. Discover now