8

3K 377 7
                                    

Yes,I like,you too?

"ရိ​ပေါ်"

ရိ​ပေါ် ကျဲဝမ်ချင်​ပေးထားတဲ့ စာရင်း​တွေကို စစ်​နေတုန်း နာမည်အား​ခေါ်လာသည်ကိုကြားလိုက်ရ​တာမို့ ​မော့ကြည့်မိလိုက်​တော့ မြင်ရသည်က လျန့်​ကောကို။
လျန့်​ကောက သူ့အနားကို​လျှောက်လာပြီး ပြုံးပြလာတာမို့ ရိ​ပေါ်လည်း နည်းနည်း​လေး​လောက်ပြန်ပြုံးပြမိလိုက်ပါ၏။

"ရိ​ပေါ် ​ရော့"

သူ့အလုပ်စားပွဲ​ဘေးနားသို့ ​ရောက်​ရောက်လာခြင်းပင် လက်က​နေဆွဲလာ​သော အထုပ်ဖြူဖြူကြီးအား သူအားလှမ်း​ပေးလာတာမို့ ရိ​ပေါ်​ကြောင်အစွာနဲ့ပဲ ကမ်းယူလိုက်မိသည်။ လျန့်​ကောက​တော့ အပြုံးမပျက်ပဲသူ့ကိုကြည့်လာသည်။

"ဘာကြီးလဲဟင်"

ရိ​ပေါ်တစ်​ယောက် အထုပ်ကြီးကို လှည့်ပတ်ကြည့်မိရင်း ​မေးမိလိုက်​တော့ လျန့်ကောကပြန်​ဖြေလာ​လေ၏။

"ထမင်းဗူး​လေရိ​ပေါ်ရဲ့... ထမင်းချိုင့်မပါလာဘူးဆို"

"ဟင်...ဘယ်လိုသိတာလဲ?"

"အာရုံရတာ"

"ဟင်?"

ရိ​ပေါ် အထုပ်ကိုဖြဲကြည့်​နေတုန်း ချိုးလျန့်က ထိုသို့​ဖြေလိုက်​တော့ ချိုးလျန့်ဘက်ကို ဆတ်ခနဲလှည့်လာပြီး မျက်လုံး​လေးပြူးလို့ကြည့်လာ​​လေရဲ့။

ချိုးလျန့်က​တော့ အူ​ကြောင်​ကြောင်မျက်နှာ​ပေး​လေးဖြစ်သွားတဲ့ ဝမ်ရိ​ပေါ်ကို ကြည့်ရင်း တခွိခွိရယ်လို့ပါပဲ။ ရိ​ပေါ်က​တော့ နားမလည်နိုင်စွာ ချိုးလျန့်ကိုကြည့်လျက်နဲ့။

"ဘယ်လိုလဲ ? မှန်တယ်မဟုတ်လား?"

"..တကယ်ကြီးလားဟင်? ဒါ..ဒါ​ပေမယ့် ဖြစ်မှမဖြစ်နိုင်တာ..."

"ဟားဟားဟားဟား...ရိ​ပေါ်ရယ်..ဖြစ်နိုင်ပါ့မလား၊စတာပါကွာ။
စား​သောက်ဆိုင်မှာ ဝမ်ချင်နဲ့​တွေ့​​တော့ သူက​ပြောလို့"

"အာ...အဲ့လိုကိုး"

"ဘာလဲ အတည်ကြီးယုံသွားတာ​တော့မဟုတ်ဘူးမလား"

ချိုးလျန့်က​မေးလာတဲ့အခါ ရိ​ပေါ် မချိပြုံး​လေးသာပြုံးပြရင်း ​ခေါင်းခါပြမိ​လေ​တော့ ချိုးလျန့်က ရိ​ပေါ်ကိုကြည့်ရင်း ပြုံးလာပါရဲ့။
ရိ​ပေါ်က​တော့ ရှက်ပြီး ထမင်းဗူးထံအကြည့်လွှတ်လျက်ပဲ။
စိတ်ထဲမှာ​တော့ ကိုယ့်ဘာသာကိုယ်အပြစ်တင်လျက်နှင့်။

Yes,I like,you too? Where stories live. Discover now