29

1.9K 296 51
                                    

Yes,I like,you too?

ခံစားချက်​တွေက ​ရေကာတာကျိုးသလိုပဲ။ တားဆီးလို့မရနိုင်ခဲ့ဘူး။

သတိဆိုတဲ့ တံတိုင်းနဲ့ အထပ်ထပ်ကာရံခဲ့တာ​တောင် ခံစားချက်​ရေတံခွန်က အားလုံးကို ဖုံးလွှမ်းသွားခဲ့ပါတယ်။

---

နိမ့်ချည်မြင့်ချည် ဖြစ်လျက်ရှိ​နေ​သော ရင်ဘတ်တစ်စုံက စိုးရိမ်မှုအမှတ် တာကျိုးမတတ်မြင့်​ကြောင်းကို ​ဖော်ပြလျက်ရှိ​နေသည်။

တွန့်ချိုး​နေ​သော မျက်ခုံး​တွေက အဓိပ္ပါယ်​ကောက်လွဲမှားရင်သာ တစ်မျိုးဖြစ်​နေနိုင်တာပင်။ တကယ်​မှာ​တော့ ​ရှောင်းကျန့်ဘယ်​လောက်​ထိကြောက်သွားခဲ့ရလဲဆိုတဲ့ အားနည်းချက်ကို ဖုံးကွယ်ထားတဲ့ မျက်နှာဖုံးအတုတစ်ခုလိုသာ။

သူသာဆိုရင် ဆိုတဲ့ ​ဇော​ကြောင့်ဖြစ်တည်လာ​သော ​ချွေးစက်​တွေဟာ​တော့ ​ရှောင်းကျန့်၏ နဖူးထက်မှ တစ်လှိမ့်ချင်းကျဆင်းလျက်ရှိ​နေ​သေး၏။

သို့​ပေမယ့် ဤအခန်းထဲ လှုပ်ရှား​နေသည်က သူ၏ ​ချွေးစက်​တွေသာ ရှိမည်ထင်သည်။

သူ့ရဲ့အာရုံထဲတွင်​တော့ အရာအားလုံးက မတုန်မလှုပ်ငြိမ်သက်လျက်ရှိ​နေပါ​၏။
သို့မှမဟုတ် သူ၏အာရုံထဲ မျက်ဝန်းက​လေးအဝိုင်းသားနှင့် ငြိမ်ငြိမ်က​လေး သူ့အားကြည့်ရှု​နေခဲ့​သော ဝမ်ရိ​ပေါ်တစ်​ယောက်ကိုသာ မြင်ရ​တော့၍လား ၊ မ​သေချာ​ပါ။

စိတ်ဆုံးဖြတ်နိုင်စွမ်းလည်းမရှိ​တော့။ ​ဆောက်တည်ရာရခြင်းလည်းမရှိ​တော့။

ငြိမ်သက်​စွာ ​ငေးလို့ကြည့်​နေခဲ့​သော သူ့ရဲ့ သူက​လေးကို ငြိမ်သက်စွာ ပြန်​ငေးနိုင်ခဲ့ရုံမှတစ်ပါး ​ရှောင်းကျန့် အဘယ်ကိစ္စကိုမှ စွမ်း​ဆောင်နိုင်ခြင်း အရှင်းလုံးဝ မရှိခဲ့ပါ​ချေ။

=========================

​ရှောင်းကျန့်က ဝမ်ရိ​ပေါ်နာမည်ကို ​အော်​ခေါ်ပြီး ဌာနထဲ​ရောက်လာခဲ့ပြီးတဲ့​နောက် ဌာနအတွင်းရှိအားလုံး​သော သူများ၏ အာရုံများသည် ဌာန၏အဝင်ဝဆီသို့ ​ရောက်ကုန်သည် ။

Yes,I like,you too? Where stories live. Discover now