6

3.1K 414 29
                                    

Yes,I like,you too?

"ဒါက​တော့ မင်းရဲ့ဌာနပဲ ကိုယ်ဒီအထိပဲလိုက်ပို့​တော့မယ်​နော် "

"ရပါတယ်ဗျ"

"ဒါဆိုကိုယ်သွားပြီ၊ အကူအညီလိုရင်လာသာလာ​နော်"

စကား​တွေအရမ်းများတဲ့ ထိုအစ်ကိုကြီး သူအနားက​နေလက်ပြရင်း ထွက်ခွာသွားသည်ကို မျက်စိတစ်ဆုံးလိုက်ကြည့်ရင်းမှ ရိ​ပေါ် သက်ပြင်းကိုပိစိ​လေးချလိုက်မိပါသည်။

ပိစိ​လေးပါပဲ။ အများကြီးမချချင်ဘူး။ သက်ပြင်း တစ်ခါချရင် တစ်ရက်အသက်တိုတယ်တဲ့။ ဒါ့​ကြောင့် အသက်​တွေအများကြီးမကုန်မသွား​အောင် အမြဲတမ်းခပ်ဖွဖွ​လေးသာချမိတာဖြစ်ရဲ့။ ရိ​ပေါ်အကြာကြီး​နေချင်​သေးတာ။ မာမားနဲ့မခွဲနိုင်​သေးပါဘူး။

ဒါ​ပေမယ့် အဲ့ဒီ​ရှောင်းကျန့်​ကြောင့် အသက်​တွေအများကြီးတိုကုန်ပါပြီ။

တကယ်​တော့​ရှောင်းကျန့်ရဲ့အပြစ်လည်းမဟုတ်။ ဒါ​ပေမယ့် သူ့အပြစ်လည်း ဟုတ်မှမဟုတ်ဘဲ။
အားလုံး​ကောင်းဖို့ကိုရည်ရွယ်ခဲ့သည်ပဲ​လေ။ ​​နောက်ပြီး ရှောင်းကျန့်​ကြောင့် သက်ပြင်းတစ်ခါချမိတိုင်း အသက်နည်းနည်းဆီတိုတယ်​ဆို​တော့ ဒါဟာ အသက်​ပေး၍ချစ်​ပေးသည်ပဲမဟုတ်လား။ အများကြီးမဟုတ်​တောင် ပိစိ​လေး​တော့ ​ရှောင်းကျန့်ကို သိ​စေချင်ပါ​သေးသည်။

ဒါ​ပေမယ့်မသိတာလည်းကောင်းပါတယ်။ မသိ​တော့မှ သူ့အနားမှာ မ​နေ​တော့ဘဲ အ​ဝေးကြီးကိုထွက်သွားမှာ​ပေါ့ ၊ မဟုတ်ပါလား။

​ရိ​ပေါ် သူ့အ​တွေးနဲ့သူဟုတ်ပြီး ​ခေါင်းတစ်ညိမ့်ညိမ့်လုပ်ရင်း ဌာနဘက်ကို​ဖြေး​ဖြေးချင်း​လျှောက်လာခဲ့လိုက်သည်။ အဲ့​ဒီ​နောက်​တော့ ဌာနကိုဝင်တဲ့တံခါးဆီ ​ရောက်ခဲ့ပြီး
တံခါးရဲ့​ရှေ့နား မ​ရောက်တ​ရောက်​နေရာ​လေးမှာရပ်လိုက်မိ၏။ ဘာလို့ဆို
နည်းနည်း​လေး​ရှေ့ဆက်တိုးလိုက်တာနဲ့ ​တံခါး​တွေကအော်တိုမက်တစ် ပွင့်သွားပြီး
သူချက်ချင်းဝင်ကိုဝင်မှရလိမ့်မည်မို့ ။ မဝင်ဘဲ ​နောက်ပြန်ဆုတ်ရင်လည်း လာကစား​နေတယ်ဆိုပြီး ဆူကြပါလိမ့်မယ်။

Yes,I like,you too? Where stories live. Discover now