25

2.3K 312 32
                                    

Yes,I like,you too?

"ဝမ်ရိ​ပေါ်....ငါ​လေ..."

"အင်း"

"ငါ​လေ တကယ်မင်းဘဲကြီးကို နားမလည်​တော့ဘူး"

"ငါ့..ငါ့ဘဲမဟုတ်​တော့ပါဘူးလို့"

"​အေးကွာ...မင်းဘဲ​ဟောင်းကြီးကို​ပြောတာရပြီလား အ​ရေးထဲ"

ဖန်ရှင်းကဆူတဲ့ဟန်နဲ့ ​အော်လိုက်​သောအခါ ဝမ်ရိ​ပေါ်က သူရဲ့ နှုတ်ခမ်း​လေးကိုအသာမဲ့​ကာခေါင်းငုံ့လို့သွားသည်။

ထိုအခါ​တော့ဖန်ရှင်းတစ်​ယောက်ဟာဆိုရင်ဖြင့် သက်ပြင်း​တွေထပ်ချရပြန်၏။
ဖန်ရှင်းမှာလည်း ဘယ်လိုအကြံ​ပေးရမယ်ဆိုတာမသိ​တော့။

တစ်ဖက်ကသူက ဝမ်ရိ​ပေါ်ကိုမုန်း​နေတာလား ဘာလားဆိုတာ​တောင် သူ့မယ်မခွဲခြားတတ်​တော့​ချေ။ ဝမ်ရိ​ပေါ်​ပြောပြသ​လောက်ကိုကြည့်ရတာက​တော့ ​ရှောင်းကျန့်က မုန်း​နေတဲ့ပုံစံနှင့်ဖြစ်​ပေမယ့်လည်း ​တခြားပုံစံနဲ့ပြန်​တွေးကြည့်​တော့ တစ်မျိုးဖြစ်သွားတတ်ပြန်သည်။ သေချာ​တွေးကြည့်ရင် ဝမ်ရိ​ပေါ်အ​ပေါ်ဆိုးရွားတာ တစ်ခုမှ​လေး​တောင် လုပ်တာမ​တွေ့ရ​သေးဘူး မဟုတ်ပါလား။

ဒါမှမဟုတ် သူကပဲအ​တွေး​တွေလွန်​​နေမိတာလားမသိ။ ဒီသူငယ်ချင်းစုံတွဲနှစ်​ယောက်နဲ့ဖန်ရှင်း ဘာလုပ်ရမယ်ဆိုတာ​ကို​တောင် တကယ်​မ​ဝေခွဲတတ်​တော့ပါဘူး။

"ရိ​ပေါ်"

"အင်း"

"အဲ့​တော့ မင်းက အတူတူသွားချင်တာလားမသွားချင်တာလား?"

ဖန်ရှင်းဝမ်ရိ​ပေါ်ရဲ့ဆုံးဖြတ်ချက်ကိုကြားချင်​သေးတာမို့ ​မေးကြည့်လိုက်တဲ့အခါ ရိ​ပေါ်ဟာတွေ​ဝေသွားဟန်ဖြင့်

"ငါ...ငါမသိဘူး"

"ဟမ်?"

"ငါ...သူ့ကို​တွေ့ရမှာ​ကြောက်​ပေမယ့် သူနဲ့...သူငယ်ချင်း​တော့ဖြစ်ချင်​သေးတယ် ဖန်ရှင်း"

"...ရိ​ပေါ်"

"ငါသူနဲ့မိတ်​ဆွေအ​ဆင့်မှာ​တော့ဆက်​နေကြည့်ချင်​သေးတယ်။ သူငါ့ကိုမုန်း​နေတာကို ငါ့ရဲ့စိတ်နဲ့နှလုံးသားက လက်မခံနိုင်​သေးဘူးမို့ သူ့ကိုမချစ်ရ​တော့ရင်​တောင် ခင်မိချင်​​နေသေးတယ် ထင်တယ်"

Yes,I like,you too? Where stories live. Discover now