57

1.3K 103 51
                                    

Yes,I like,you too?

"ဝမ်ရိ​ပေါ်... ... ..."

ဝမ်ရိ​ပေါ်က​ကြောင်စီ​နေ​သောမျက်ဝန်းများဖြင့်ဖန်ရှင်းအားလှည့်ကြည့်လာခဲ့သည်။ ကျန်းဖန်ရှင်းက​တော့​​မောင်းထွက်သွား​သောကားကိုတစ်လှည့် ဝမ်ရိ​ပေါ်ကိုတစ်လှည့်ကြည့်​နေမိခဲ့သည်မှာ ​ထူးဆန်းအံ့သြဖွယ်ရာတစ်ခုခုအားမြင်လိုက်ရသလိုပင်။

ကျန်းဖန်ရှင်းသည်ရုတ်တရက်ဆန်လွန်း​သောမြင်ကွင်းတစ်ချို့​ကြောင့် မိမိဦး​နှောက်ပျက်ပြီးထင်​ယောင်ထင်မှား​တွေများမြင်မိသလားလို့ပင်အထင်မှားသွားရ​သေးသည်။ သို့​သော် လက်​ချောင်းက​လေးများကိုဆုပ်ချည်ဖြန့်ချည်လုပ်ရင်းမျက်​တောင်က​လေးများကိုတဖျတ်ဖျတ်ခတ်လို့ စကားအစရှာမရဖြစ်​နေတဲ့သ​ကောင့်သား​လေးဝမ်ရိ​ပေါ်ကိုမြင်လိုက်ရ​သောအခါ သူမြင်လိုက်ရသမျှသည် သူစိတ်စွဲလွန်း​သော​ကြောင့်ထင်​ယောင်ထင်မှားဖြစ်​နေခြင်းမဟုတ်​ကြောင်းနားလည်လိုက်​တော့သည်။

သူမြင်လိုက်တာမှန်သည်။ အမှိုက်ပစ်ဖို့အမှိုက်အိတ်နှစ်ထုပ်ကိုတစ်ဖက်တစ်ချက်ဆီမှဆွဲရင်းတိုက်​အောက်ဆင်းလာချိန်တွင် ​ရင်းနှီးရုံသာမကဘယ်​တော့မှ​မေ့မှာမဟုတ်သည့်မျက်နှာ​မောင်း​နေသည့်ကား​ပေါ်မှ သူ့သူငယ်ချင်းဝမ်ရိ​ပေါ်တစ်ယောက်အူတူတူမျက်နှာ​ပေးနှင့်အတူဆင်းလာခဲ့သည်ကို​သေချာ​ပေါက်မြင်လိုက်ရခြင်းပင်။ ​နောက်​တော့ကား​ပေါ်မှလူကတစ်ခုခု​ပြောသည်ထင် ဝမ်ရိ​ပေါ်ကငူငူကြီးကြည့်ပြီး​တလှုပ်လှုပ်ခေါင်းညိမ့်ပြပြီး​နောက် ကားသည်လည်း​မောင်းထွက်သွား​တော့သည်။ အစက​တော့​ကား​မောင်းသူအားတခြား​တစ်​ယောက်​ယောက်လို့ထင်ခဲ့​သေး​သော်လည်း သူမှားမြင်လိုက်တာပဲဆိုပြီးထင်မှတ်လိုက်​​သေး​သော်လည်း ယခု​တော့သူအထင်လွဲခြင်းမဟုတ်မှန်း​သေချာသိလိုက်ပြီဖြစ်သည်။

ဖန်ရှင်းလက်ထဲမှအမှိုက်အိတ်နှစ်ထုပ်အား အမှိုက်​ခြောက်အမှိုက်စိုဟုပင်​သေချာခွဲမ​နေနိုင်​တော့။ ​တွေ့ကရာပုံးထဲသာဖြစ်သလိုပစ်ထည့်ပြီးဝမ်ရိ​ပေါ်အားအမြန်ဆွဲ​ခေါ်မိ​တော့သည်။

Yes,I like,you too? Where stories live. Discover now