30

2.2K 300 53
                                    

Yes,I like,you too?

ရိ​ပေါ် ရဲ့ကံ​အ​ကောင်းဆုံး​နေ့ကို​ပြောပါဆိုရင် ဒီ​နေ့လို့​ပြောရပါမလား?
ဒါမှမဟုတ် အ​ပျော်ရွှင်ရဆုံး​နေ့လို့ ​ခေါင်းစဥ်တပ်လိုက်ရင်​ကောင်းမလားဆိုတာကို
တကယ်မသိ​တော့ပါ​ချေ။

လတ်တစ်​​လောအတွက် ရိ​ပေါ်ရဲ့​ခေါင်း​သေး​သေး​လေးထဲ ​တွေးတတ်တာက​တော့
​ပျော်မိလွန်းလို့ အ​ပျော်​တွေ ရင်ထဲမဆံ့​တော့​သဖြင့် ​ပေါက်ထွက်ချင်သလိုပင် ဖြစ်​နေပါ​သော ခံစားချက်​တို့ကို ဘယ်လိုမျိုး ​ဖော်ပြပြီးဖွင့်ထုတ်ရမလဲဆိုတာသာဖြစ်၏။

ရယ်​နေမိတာကိုလည်းရပ်လို့မရ ၊ ပြုံး​နေမိတာကိုလည်း တားလို့မရ ။
ခန္ဓါကိုယ်တစ်ခုလုံးဟာပင် သူ့ရဲ့ထိန်းချုပ်မှု​အောက်မရှိ​​တော့သလို။

အ​ပျော်​တွေက ထိုမျှ​တောင်ဖြစ်​နေပါရဲ့။

​နောက်ပြီးသူမ​ပျော်ဘဲ ​နေနိုင်ပါရိုးလား?
​ပေါက်တဲ့ကံစမ်းမဲကို ကြည့်ကြည့်ပါ။
ဆု​​တွေထဲမှာမှအကြီးဆုံးဖြစ်သတဲ့။ အဲ့ဒီဆုကိုမှ​သေချာထပ်ကြည့်လိုက်ပါ။
ရိ​ပေါ် သ​ဘောကျပြီး မျက်စိကျ​နေတဲ့ Yamaha 2018ထုတ် N6 နဲ့ ရရင်​ကောင်းမယ်လို့​တွေး​နေခဲ့တဲ့ အဝတ်​လျှော်စက်ကြီး ဖြစ်ပါသတဲ့!

ရိ​ပေါ်ဟိုတစ်​လောကတင် ဒီ ဆိုင်ကယ် ဝယ်ဖို့အတွက် ပိုက်ဆံစစုမယ်ဆိုပြီး overtime​တွေပါဆင်းပြီး အလုပ်လုပ်ထားတာ မဟုတ်လား။ ​တွေးထားခဲ့တာကပုံမှန်အလုပ်​လေးရှိသွားတဲ့အခါ ပုံမှန်လစာပြပြီး ဘဏ်က​နေ​ငွေ​ချေးပြီး အရစ်ကျဝယ်ဖို့ဟု။ ယခု​တော့ အပင်ပန်းခံစရာ​တောင်မလို​တော့ပါ။ ဘယ်လို​တောင်ကံ​ကောင်း​နေမှုလဲ ရိ​ပေါ်မသိ။

​ထို့​ကြောင့် ​ပျော်လွန်း၍ ဘာလုပ်ရမလဲမသိ​တော့ဘူးဖြစ်​နေတာသာ ကြည့်ပါ​တော့။

ယခုမယ်လည်း ဆုတက်ယူပြီးတည်းက ရလာ​သော ဆုလတ်မှတ်ကိုတကြည့်ကြည့်နဲ့ရိ​ပေါ်ဟာ ပြုံးလို့မဆုံး​သေးပါ​ချေ။

ကံစမ်းမဲ ​ပေးတဲ့ ရုံးရဲ့အကြီးအကဲကို​တောင် သတိတရ စိတ်ထဲမှ​ကျေးဇူးလှမ်းတင်လိုက်ပါသေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ထိုသူကံစမ်းမဲ​​ဖောက်​ပေးခဲ့လို့ သူအခုလိုရတာမဟုတ်လား။ ​နောက်ပြီး သူလိုချင်တာ​​တွေကိုသိ​နေတဲ့အတိုင်း ထည့်​ပေးထားသလို​တောင် ထင်မှတ်ရမတတ်။ တကယ်ကြီးကို အကြီးအကဲကသ​ဘော​ကောင်းလွန်းမယ့်ပုံပဲ။ ဖြစ်နိုင်ရင် လူချင်း​တွေ့ပြီးသာ ​ကျေးဇူးတင်လိုက်ချင်ပါ​တော့တယ်။

Yes,I like,you too? Where stories live. Discover now