4

3.6K 447 12
                                    

Yes,I like,you too?

"ဖန်ရှင်းရားးးး ငါ..ငါဘာလုပ်သင့်လဲ?"

ဝမ်ရိ​ပေါ်မျက်နှာကိုအရှုံမဲ့ဆုံးလုပ်ပြီး ​ပြောလိုက်မိပါသည်။
တကယ်ကြီးကိုဘာဆက်လုပ်ရမယ်ဆိုတာ မသိ​တော့။
SX group လို့အမည်တွင်တဲ့ ​ရှောင်ရှောင်းမျိုးနွယ်ကုမ္ပဏီ တစ်နည်း ​ရှောင်းကျန့်ကို​တွေ့ခဲ့ရတဲ့ ကုမ္ပဏီသူ့ကိုအလုပ်​ခေါ်စာ​ပေးပို့လာခဲ့သည်​လေ။

သာမန်ဆိုရင်​တော့ အိမ်​ပေါ်ကမဆင်းရ​ရေးဒို့အ​ရေးမို့ ချက်ချင်းကိုဝင်လုပ်ပစ်လိုက်မှာ ဖြစ်သော်လည်း အခုကအ​ခြေအ​နေ​တွေမတူ​တော့။ ​ရှောင်းကျန့်ကား ထိုကုမ္ပဏီမှာအလုပ်ဝင်လုပ်​နေတာဖြစ်နိုင်သည်။ ဒါ့​ကြောင့် ​ရှောင်းကျန့်နဲ့ သူနဲ့​က​တွေ့​နေရဦးမှာ။

ဒီအခါ ရှောင်းကျန့်ကိုမ​တွေ့ချင်ပါဘူးဆို အမြဲ​တွေ့​နေရရင်ဘယ်လိုလုပ်ပါမလဲ။
​ရှောင်းကျန့်ကလည်းလူ သူကလည်းလူမို့ ဘာ​ကြောက်စရာရှိလို့လည်း ဆို​ပေမယ့် သူ့အတွက်​တော့ ​ရှောင်းကျန့်ရဲ့အရိပ်ကတင်​ကြောက်စရာ​ကောင်း​နေတာမို့။
​နောက်ပြီး မ​နေ့က​တောင် ​ကြောက်စရာ​ကောင်း​အောင် ကြည့်​နေခဲ့တာကို။ 

တွေ့​နေရရင် ​ပြောလို့မရဘူး။ ​ရှောင်းကျန့်ကလက်စား​ချေချင်ရင်​ချေလာမှာမို့ အဲ့ဒီအခါ ဘယ်လိုလုပ်ပါမလဲ? အလုပ်​တွေဖိခိုင်းလာရင်? အနိုင်ကျင့်ရင်?
ဟူး...မဖြစ်ဘူးထင်တာပါပဲ။

"ငါအိမ်​ပေါ်ကပဲဆင်းလာလိုက်မယ်​လေ ​၊ အခုအထုတ်​တွေပြင်လိုက်မယ်"

"လဒ​လေး​ရေ...အိမ်​ပေါ်ကဆင်းတာကိုလွယ်တယ်များထင်​နေလားဟ!
မင်းအ​ဖေက ​နောက်ပိုင်းမင်းအလုပ်ရရင်​တောင် ပြန်​မ​ခေါ်​တော့ရင်ဘယ်လိုလုပ်မလဲ?
ငါမင်းကိုမ​ခေါ်ချင်လို့​ပြော​​နေတာမဟုတ်ဘူး​နော်၊ ​တွေးခိုင်း​နေတာ"

"ဒါ​ပေမယ့်..."

"ဒါ​ပေမယ့်က​နောက်ထား၊ ​နောက်ပြီး အ​မွေပြတ်ပါစွန့်လွှတ်လိုက်ရင် မင်းအ​မွေ​တွေမရ​တော့ဘူး​​နော်၊ မင်းကိုမ​ပေးဘဲ သူများ​တွေကို​ပေးလိုက်ရင် ဘယ်လိုလုပ်မလဲ?"

Yes,I like,you too? Where stories live. Discover now