23

2.2K 301 40
                                    

Yes,I like,you too?

"......"

ဖုန်းနံပါတ်ကား နံပါတ်စိမ်းတစ်ခု ။

​မထင်မှတ်ထားစွာနဲ့ ​ဆက်သွယ်လာပြီလားလို့​တွေးရင်း ရိ​ပေါ်ရဲ့ ရင်ဘတ်အစုံမှာ တဒုတ်ဒုတ်နဲ့ခုန်လာခဲ့ပြီ။ ထိုသို့ ရင်မခုန်သင့်မှန်းသိ​ပေမယ့် သူ့ကိုမြင်ရင်​တောင်မဟုတ်၊ နာမည်ကြားရင်​တောင် စိတ်လှုပ်ရှားတတ်တဲ့ကိုယ့်ကိုယ်ကိုမှ ထိန်းမရနိုင်တာ ။ သူဘယ်လိုလုပ်ရပါ့။

​ဒါ့​ကြောင့် သူဟာ ​ကြောက်လို့ဟူ၍သာ နာမည်တပ်မိပါ​တော့သည်။

​ရှောင်းကျန့်က တကယ်ပဲဖုန်း​ခေါ်လာခဲ့တာလား။ ဒါဟာ တကယ်ကြီးပါလား အိပ်မက်လားဆိုတာကို​တောင် သူ့မှာမသိနိုင်​တော့။ အံ့သြ​ကာအ​တွေးများရင်း ဖုန်းက​​လေးကိုသာ ငြိမ်လျက်ကြည့်​မိ​နေ​တော့၏။

ဖုန်းက​လေးက တုန်ခါ​နေတာ ​တော်​တော်နဲ့မရပ်သွားခဲ့သလို ရိ​ပေါ်ဟာလည်း ဖုန်းကိုင်ဖို့ကို​မေ့​လျော့လို့။ ဟို​တွေးသည်​တွေးနဲ့ ထိတ်လန့်​​နေခဲ့မိပြီး ​နောက်ဆုံးမှ အသိဝင်ပြီး ဖုန်းကျမသွားခင် အလျင်အမြန်ပဲ အစိမ်း​ရောင်ခလုတ်​လေးကိုအ​ပြေးနှိပ်လိုက်ရသည်။

"​ဝေ.."

ဖုန်းဝင်ဝင်သွားချင်းမှာပဲ သူတိုးညှင်းစွာ​မေးလိုက်မိသည်။

"....​ဝေ..Xing pizza companyကမဟုတ်လားဟင်?"

"ဟမ်?...ပီ...ပီဇာ? "

"ဟုတ်တယ်​လေ..."

"မ..မဟုတ်ပါဘူး"

"မဟုတ်ဘူးလား? ​သေချာပါတယ်...ဒီဖုန်းနံပါတ်ကို​သေချာမှတ်ခဲ့တာကို"

"​သေချာပါတယ်ဗျ...ပီဇာ ကုမ္ပဏီကမဟုတ်ပါဘူးနော်၊ ဖုန်းမှား​နေပါတယ်"

ရိ​ပေါ် ကိုယ့်စိတ်ကိုယ်မနည်းထိန်းရင်း ​ဖုန်းကိုပြန်လည်​ဖြေဆို​ပေးပြီးတဲ့​နောက် တစ်ဖက်ကပြန်​ပြောလာမည်ကို​တောင် ​စောင့်မ​နေ​တော့ဘဲ တိခနဲမြည်​အောင်ပင် ချပစ်လိုက်မိပါ​တော့သည်။

တစ်ဆက်တည်း မတရားလည်းစိတ်ညစ်သွားခဲ့သလို ရိ​ပေါ်ရဲ့မျက်နှာက​လေးမှာလည်း ပြို​တော့မယ့်မိုးလို။ ဘယ့်နှယ့် အကြီးအကျယ်​တွေ ​မျှော်လင့်​စောင့်စား​နေရပါသည်ဆို ပီဇာဆိုင်နဲ့ လာမှား​နေကြတဲ့သူ​တွေကရှိ​သေး။

Yes,I like,you too? Where stories live. Discover now