11

2.8K 414 25
                                    

Yes,I like,you too?

"တကယ်ထူးဆန်းတယ်...အဲ့တစ်​ယောက်က အား​ပေါ်ကိုဘာလို့မုန့်​တွေခဏခဏ လာလာပို့​ပေး​နေလဲမသိဘူး​နော်"

"ဟုတ်ပါ့...ဒါနဲ့ဆို ၃ကြိမ်​တောင်ရှိပြီမဟုတ်လား"

"​အေး​လေ...ထမင်းဗူးကြီးပဲ၂ခါ ​နောက်အခုမုန့်​တွေကြီးပဲကို၁ခါ ၊
အရင်ကလည်းမ​တွေ့မိပါဘူး ​ရောက်တာ​တောင်မကြာ​သေးဘူးထင်တယ်​နော်"

"​အေး ​စောင့်ကြည့်ရမယ်၊ ဘာပဲဖြစ်ဖြစ် အားဝမ်ကိုဂရုစိုက်​ပေးမှဖြစ်မှာ"

မိမိအ​ရှေ့ကအမကြီးနှစ်​ယောက်မှာ မိမိအားစိတ်ပူသဖြင့် မိမိအတွက် တိုင်ပင်​ဆွေး​နွေး​ပေး​နေကြသည်ကိုသိပါ​သော်လည်း ဝမ်ရိ​​ပေါ်ဟာ ထိုင်ခုံ​ပေါ်မယ်မလှုပ်မယှက်။
သကြားလုံးဗူးကြီးကိုအဖုံးဖွင့်ပြီး လက်တစ်ဖက်ထည့်လို့ လက်တစ်ဖက်က စာ​ရေးခြင်းကိုပြုလျက်ရှိကာ သကြားလုံး​တွေကိုလည်း ပါးစပ်ထဲထည့်လိုက် ဝါးလိုက်နဲ့သာ ငြိမ်သက်​နေ​သော မျက်ဝန်း​တွေနှင့် အလုပ်လုပ်လျက်ရှိ​နေသည်။

​ခေါင်း​တွေ​နောက်ကျိ​နေ​လောက်​အောင်ကို ငိုထားရသည်မို့ ဘယ်လိုမှစိတ်ကြည်မ​နေ။
ဘယ်သူကပဲ မုန့်မကလို့ဘာကြီးပဲလာ​ပေးပါ​စေ ဘာမှထပ်​တွေးမ​နေ​တော့ဘဲ ယူသာယူလိုက်ပြီး စိတ်ကြည်​အောင် သကြားလုံး​တွေသာထိုင်စား​နေမိပါရဲ့။

သူကအဲ့လိုပဲ စိတ်ညစ်ရင် ပါးစပ်ထဲတစ်ခုပြီးတစ်ခုသွပ်​နေရမှ။
ဒါဟာ စိတ်မကြည်​နေတုန်း တစ်​ယောက်​ယောက်ကို ခွန်းတုံ့ပြန်ရန်​တွေ့မိလိုက်လို့ ဖြစ်သွားမယ့်အကျိုးဆက်​တွေရဲ့အစား ပါးစပ်က​လေးသာ​ညောင်းပြီး ဗိုက်လဲပြည့်သွားမယ့်နည်းလမ်းတစ်ခုဖြစ်တယ်မဟုတ်လား။

ဝမ်ရိ​ပေါ်က ပြသာနာ​တွေကိုမုန်းပါတယ်။ သူက​အေး​အေး​ဆေး​ဆေး​လေးပဲ​နေချင်တာ။ သူများကိုလည်း အနိုင်သွားမကျင့်သလို ကိုယ့်ကိုလာကျင့်ရင်လဲ...
ငြိမ်သာခံလိုက်ပါမယ်။ ပြသာနာ​တွေကိုမကြီး​စေတော့။
တကယ် ပြသာနာ​တွေကိုမုန်းတာ။ ဒါကိုဘာလို့ပြသာနာပဲတက်​နေလဲမသိ။

ကံဆိုးတဲ့ကာလမို့များလား? ယတြာ​ချေရင်​ကောင်းမလား?
ညည ဘုရားရှိခိုးပြီးမအိပ်တာကြာ​နေပြီမို့နေမယ်။

Yes,I like,you too? Where stories live. Discover now