16

2.7K 316 27
                                    

Yes,I like,you too?

ရိ​ပေါ်တို့ အိမ်မှထွက်လာပြီးတဲ့​နောက် ၁၅မိနစ်​တောင်မှမကြာလိုက်ပါ။ အ​မောင်ဖန်ရှင်း၏ ကား​မောင်းကျွမ်းကျင်မှု​အပြင် ဖန်ရှင်း၏ အချိန်ကိုမဟားတရားတိကျချင်သူကြီးဖြစ်ချင်ခဲ့ခြင်းကြောင့် Royal Garden hotelသို့ လျင်မြန်စွာပင် ​ရောက်လာခဲ့ရ​​လေပါသည်။ စမည့်ပွဲက ၆ခွဲမှဖြစ်သည့်အတွက် ​လွန်စွာ​​စော​ရောက်လာ​သော သူတို့အဖို့ ခန်းမအတွင်းသို့ဝင်မရပြုမရနှင့် အလုပ်ရှုပ်ကြရ​လေပြီ။ ဖန်ရှင်း၊ ရိ​ပေါ်အပြင် အခြား​ရောက်ရှိသူများမှာ အခြားသိပ်မရှိ ၊ သူတို့၏သူငယ်ချင်းများပင်ဖြစ်​သော ​ဟောက်ရွှမ်းနှင့် ကျိလီတို့သာရှိသည်။

ထိုအခါ အိမ်က​နေအဆူမခံရရုံတမယ် ကျားလိုက်ဆွဲသလို အလျင်အမြန်ပြင်ဆင်ကာလိုက်လာခဲ့ရ​သော ဝမ်ရိ​ပေါ်ဟာအ​မောင်ဖန်ရှင်းအား တင်း​လေပြီဖြစ်ပါရဲ့။
မတင်းစရာအ​ကြောင်းမရှိဘူးမဟုတ်ပါလား။ ကြည့်​ပါ​လေ...ဝမ်ရိ​ပေါ်မှာ ကိုယ့်အိမ်ကကိုယ်ထွက်လာတာ​တောင် ဖိနပ်ကိုအိမ်ထဲမှာတစ်ခါတည်း မစီးရဲလို့မစီးခဲ့ရ၊ ဖိနပ်ကိုလက်ကဆွဲပြီး ကား​ပေါ်​ခြေဗလာနဲ့​ပြေးတက်ခဲ့ရပြီးမှ ကား​ပေါ်မှာခက်ခက်ခဲခဲစီးခဲ့ရသည်မလား။

ဒါဟာဘယ်​လောက်ထိ​ဒုက္ခ​ရောက်ရသည်ထင်​ပါသလဲ?

ဒါ​ကြောင့် hotelဆီသို့ ​စောစီးစွာ​ရောက်သည့် ထိုအချိန်တစ်ကာလ ဝမ်ရိ​ပေါ်ဟာ ကား​ပေါ်မှသည် hotelထဲဝင်သည့်တိုင်​အောင် မျက်နှာကြီးဆူပုပ်လို့ ကျန်ပါလာသူအ​ပေါင်းအ​ဖော်များအား ဗျစ်​တောက်ဗျစ်​တောက်လုပ်လို့ မဆုံး​တော့။

တမင်​စောကာလာခဲ့သည့်ဖန်ရှင်းဟာလဲ အဲ့​လောက်ကြီး​စောသွားမယ်လို့ မထင်ခဲ့မိသည့်အခါ သူ့အမှားပင်ဖြစ်သည့်အတွက် က​လေးမဟုတ်​သော လူကြီးသူ့သူငယ်ချင်း​လေးအား ​ဆက်တိုက်ချော့ရပါ​လေ​တော့သည်။
သို့​သော်ငြားလည်း တစ်ခါ​ချော့ တစ်ခါငြိမ် တစ်ခါပြန်ဆူပုပ်ဖြစ်​နေ​လေသည့်အခါ ဖန်ရှင်းတစ်​ယောက်အားနဲ့​ချော့မနိုင်​တော့​တာ​ကြောင့် ကျန်၂​ယောက်ကဝိုင်းကူသည့်အခါမှ ဝမ်ရိ​ပေါ်တစ်​ယောက်ကား ဘာမှထပ်မ​ပြောလာ​တော့ဘဲ hotel အတွင်းသို့ မျက်နှာက​လေးမအီမသာဖြင့် လိုက်ပါလာခဲ့လိုက်ရ​တော့သည်။

Yes,I like,you too? Where stories live. Discover now