20

2.6K 304 13
                                    

Yes,I like,you too?

"အတွင်း​ရေးမှူးယွီ...အလုပ်သင်ဝမ်ရိ​ပေါ်က ဒီလကုန်ရင် ထုတ်လုပ်​ရေးဆီသွားရ​တော့မှာမလား?"

"ဟုတ်ပါတယ် ဥက္ကဌ ၊ သူအ​ရောင်းကိုယ်စားလှယ်ဌာနမှာ အလုပ်သင်တာဝန်ကျတာ လာမယ့် အပါတ်ဆို ပြီးပါပြီ"

"​သြော် အင်းအင်း"

​​ရုံးခန်းအကျယ်ကြီးကား ခဏတာတိတ်ဆိတ်သွားပြန်သည်။ ယွီပင်းက ​စားပွဲအကြီးကြီးရဲ့ ​ဘေးနားမှာ မတ်တပ်ရပ်လျက်ရှိပြီး ​ရှောင်းကျန့်က​တော့ အလုပ်ဆီအာရုံစိုက်​နေဟန်နဲ့။

တကယ်​တော့ ​ရှောင်းကျန့်အလုပ်ဆီ အာရုံ​ရောက်မ​နေဘူးဆိုတာ သူကိုယ့်သူ​ရော ​ဘေးနားက မတ်တပ်ရပ်​နေ​သော အတွင်း​ရေးမှူးယွီပါသိပါသည်။  ပြတင်း​ပေါက်အပြင်မှာ ဘာမှမရှိ​နေတာကို တစ်ခုခုရှိ​နေသလိုနဲ့လှမ်းကြည့်လိုက်၊ လက်ရှိလုပ်​နေတဲ့ ရုံးစာတမ်းနဲ့ မဆိုင်ဘဲ ​နောက်ရုံးတစ်ခုရဲ့ စာတမ်း​တွေကို ​လျှောက်ယူကြည့်လိုက်နဲ့ အာရုံ​​ထွေပြား​နေတဲ့ ​ရှောင်းကျန့်ဟာ ခါတိုင်းထက်အ​ခြေအ​နေဆိုး​နေဟန်ရှိသည်။

ခါတိုင်းဆိုလျှင် ​ဒေါသဖြစ်ရင်ဖြစ်​နေမယ် မျက်နှာက​လေးငယ်ရင်ငယ်​နေမယ် ပြုံးရွှင်ရင်ပြုံးရွှင်​နေ​​လောက်မယ်...ဒီ​လောက်ပါပဲ။ ဒီ​လောက်အထိ ဂဏာမငြိမ်ဖြစ်တာမျိုး​တော့မရှိခဲ့။ အခုမှာ​တော့ ​ရှောင်းကျန့်ရဲ့ပုံစံကား ဆရာမက အလုပ်အတင်းဖိခိုင်း​နေလို့သာ လုပ်​နေရ​သော စာစိတ်မဝင်စားတဲ့မူကြို​ကျောင်းသားက​လေးလိုမျိုး။ ထိုအခါ ထိုအချင်းအရာတို့ကိုကြည့်ရင်း မတ်တပ်ကြီးရပ်​စောင့်​နေမိတဲ့ ကိုယ့်ကိုယ်​ကို​တောင် အပြစ်ရှိသည်ဟု ယွီပင်းခံစားလာရသည်။ မသိရင် သူ​စောင့်​နေလို့ အလုပ်​တွေကိုတွန်းအား​ပေးလုပ်​နေရရှာတဲ့ပုံစံမို့။

ဒါ​ကြောင့်သူမတ်တပ်ကြီးဆက်မ​စောင့်​တော့ဘဲ ကိုယ့်ရုံးခန်းထဲကိုယ်ပြန်ပြီး လုပ်စရာရှိတဲ့ အလုပ်​တွေကိုလုပ်ရန်သာ ​တွေးလိုက်​ရင်း ​​ရှောင်းကျန့်ဘက်သို့ အသိ​ပေးရန်လှည့်လိုက်သည်။ သို့​ပေမယ့် ယွီပင်းဘာမှမ​ပြောလိုက်ရ။ အဘယ်​ကြောင့်ဆို​သော် ​ရှောင်းကျန့်က ယွီပင်းထက်ဦးစွာ ​မေးလာတာ​ကြောင့်။

Yes,I like,you too? Where stories live. Discover now