55

1.3K 90 20
                                    

Yes,I like,you too?

"အန်ကယ်ရယ်...ဒီ​နေရာမှာအန်ကယ့်သား​လေးလို့သာဖြည့်​တွေးကြည့်နိုင်ခဲ့ရင်...အန်ကယ်ခွင့်လွှတ်လိမ့်မယ်မဟုတ်ဘူးလားဗျာ"

"ငါ့ရဲ့သား...ဟုတ်သလား မင်းတို့ပါးစပ်ကငါ့သားနာမည်ကိုများထွက်ရဲ​သေးသတဲ့လား ထွက်သွားစမ်းကွာ!"

"မဟုတ်ဘူး ကျွန်​တော်ဆိုလိုတာကအဲ့လိုမဟုတ်ပါဘူး...ကျွန်​တော် ကျွန်​​တော်က ဒီအတိုင်းဖြစ်နိုင်မယ်ဆို..."

"မင်းပါးစပ်ကိုပိတ်ထားလိုက်ပါ​တော့ ငါ့ကိုစိတ်ဒဏ်ရာ​ပေးရုံတင်အားမရဘဲ ငါ့ရဲ့သားက​လေးကိုပါဆွဲသွင်းကြဦးမလို့လား ပြတ်တယ်မဟုတ်လား အဆုံးထိပြတ်ကြစမ်းပါ...ဘာဖြစ်လို့များဆက်ပြီးကပ်တွယ်​နေကြ​သေးတာလဲ ဟမ်"

"ကျွန်​တော်...ကျွန်​တော်​တောင်းပန်ပါတယ်ဗျာ ကျွန်​တော်က..."

"မ​တောင်းပန်ပါနဲ့ မလိုပါဘူး ​မလိုပါဘူး"

အစ်ကိုခွမ်းနဲ့ပါပါးရန်ဖြစ်ပြီးသုံးရက်​မြောက်​နေ့တွင် အစ်ကိုခွမ်းရဲ့ချစ်သူ​ကောင်​လေးကပါပါးရဲ့ခွင့်လွှတ်မှုကိုရရှိနိုင်ရန်အတွက် ပြန်လာခဲ့ပုံရသည်။
လက်ခံ​ပေးဖို့ ကျိုးနွံစွာ​တောင်းပန်ဖို့ကြိုးစားခဲ့ပုံရသည်။ သို့​သော် ပြန်လည်ရရှိလိုက်သည်က ရိ​ပေါ်တစ်ခါမှမကြားဖူး​သော ပါပါး၏ရင့်ရင့်သီးသီးစကားချက်​တွေ။
စိတ်တအားရှုပ်​နေသလိုမျက်ဝန်း​တွေနဲ့ စိတ်ပျက်​သလို​လေသံ​တွေ။

ပါပါး၏မာနကပါပါးအ​ပေါ်တအားလွှမ်းမိုးထားခဲ့​လေသလား။ ပါပါးသည်တစ်ချက်က​လေးမှ​ပျော့ညံ့​​​နေခြင်းအလျင်းမရှိခဲ့။

ထို့ထက်ပိုဆိုးခဲ့သည်ကား တစ်ဖက်လမ်း​ထောင့်မှငြိမ်ငြိမ်​လေးရပ်ကြည့်​နေခဲ့​သော ရိ​ပေါ်အားသတိထားမိသွားခဲ့ခြင်းပင်။

ပါပါးသည် အ​ဝေးက​နေလှမ်းကြည့်ရင်း မျက်ရည်များဝိုင်း​နေ​သောရိ​ပေါ်အားနီရဲ​နေ​သောမျက်ဝန်း​များဖြင့်လှည့်ကြည့်လာခဲ့ပြီး​ခေါ်လာခဲ့သည်။

"ဝမ်ရိ​ပေါ် ဒီကိုလာခဲ့"

အ​ပြောနဲ့တင်မဟုတ်...အနားထိတိုးလာပြီး လက်ကိုအတင်းဆွဲ​ခေါ်ခဲ့ပါ၏။
ရိ​ပေါ်တအား​ကြောက်​နေပါ​သော်လည်း ပိုပြီးစိုးရိမ်လာခဲ့ပါ​သော်လည်း ဘာမှမ​ပြောနိုင်ဘဲပါပါး၏လက်ထဲပါသွားခဲ့သည်မှာ​တောင့်​တောင့်က​လေး။

Yes,I like,you too? Where stories live. Discover now