18

2.6K 333 36
                                    

Yes,I like,you too?

​"ဘာလဲချချင်တာလား? အခုချမလားကွ!"

ရှောင်းကျန့်ဟာ ယခုဆိုဖုန်းကိုနားနားကပ်ကာကိုင်လို့ ​တောင့်​တောင့်ကြီးငြိမ်​နေမိလျက်။ တစ်ဖက်က စကား​ပြောသံ​တွေ ရန်​တွေ့သံ​တွေကို နား​ထောင်ရင်းလည်း အံ့သြမှု​တွေကတစ်ဆုံးသား ။

ဝမ်..ဝမ်ရိ​ပေါ်က သူ့ကိုဖုန်းဆက်ပါသတဲ့လား?
ဝမ်ရိ​ပေါ်က သူ့ကိုမင်း ၊ ငါဆိုပြီး စကား​ပြောပါသတဲ့လား?
ဝမ်ရိ​ပေါ်က သူ့ကို​အော်ပါသတဲ့လား?
​နောက်ဆုံး ဝမ်ရိ​ပေါ်က သူ့ကို ဆဲ​နေတာဖြစ်ပါသတဲ့လား?

​ရှောင်းကျန့်ဟာ ​ပြောင်းလဲမှုအကြီးကြီး​တွေ​ကြောင့် ​လျှော့ခ်ပင်ရလို့ အသက်ပင်မရှု​နိုင်တော့။ တစ်ဖက်က ​ရန်ဖြစ်ဆူပူ​နေသံ​တွေကိုသာ ​​ကျောက်ရုပ်ကြီးတစ်ရုပ်လို မလှုပ်မယှက် နား​ထောင်​နေမိ​တော့သည်။

"ငါမှားတာ ဝမ်ရိ​ပေါ် ငါမှား​တာ ၊ ရပါပြီ ​တော်ပါ​တော့ဟ"

"​အေး... ငါလုပ်ချင်ရာငါလုပ်မယ် လာမတားကြနဲ့ ဟွန့်!"

တခြားတစ်ဖက်က ဝမ်ရိ​ပေါ်ကို​တောင်းပန်​သည်ထင်။
ထို​​တော့မှ ဝမ်ရိ​ပေါ်ရဲ့ချမယ်တကဲကဲလုပ်​နေသည့် ရန်လိုသံ​သေး​သေး​လေးမှာ ချုပ်ငြိမ်းသွား​လေရှာ၏။

"ဒီမယ်..ရှောင်းကျန့်!"

အဲ့ဒီ​နောက် တစ်ဆက်တည်းမှာတင် ထပ်ထွက်လာတာက​တော့ သူ့ရဲ့နာမည်ကို စူးစူးက​လေး​အော်​ခေါ်လာတဲ့ ဝမ်ရိ​ပေါ်ရဲ့အသံပင် ဖြစ်​ပါ​ရဲ့။
ထိုအခါ​တော့ တစ်ခါမှ ဝမ်ရိ​ပေါ်ဆီက ဒီလိုအသံမျိုး မကြားဖူးတဲ့​ရှောင်းကျန့်ဟာ အာ​စေး​တွေမိလို့ ပါးစပ်က​လေးအ​ဟောင်းသားနဲ့ ဘာ​ပြောရမယ်မသိငုတ်တုတ်​က​လေးဖြစ်လို့ပဲ။

တစ်ဖက်ကရန်ပွဲစဲ​လေ​တော့ သူ့ဆီပြန်​ရောက်လာ​လေပြီပေါ့။ ဒါဟာ အိပ်မက်လား လက်​တွေ့လား​တောင် မသဲကွဲ​တော့​ပါ။ ​ရှောင်းကျန့်ဟာဆွဲ့အ​​နေလျက်ပါပဲ။

"ငါမင်းကိုဆဲပစ်မယ်ကွ၊ ရစရာမရှိ​​အောင်ဆဲပစ်မှာသိလား..."

"အင်း.."

"မင်းအ​ကြောင်းမ​ကောင်း​တွေ​ပြောပစ်မယ်...မင်းအရပ်ကအရမ်းရှည်​နေတာကို ငါကကလန်ကလားကြီးလို့ပြောမယ်...မင်းမှာဘာပြစ်ချက်မှမရှိဘဲ အရမ်း​ချော​နေတာကိုလည်း ငါကမ​ကောင်း​ပြောမယ်..မင်းကို..မင်းကို​ရေညှိဖတ်ကြီးလို့ခေါ်ပစ်မယ်...သိလား"

Yes,I like,you too? Where stories live. Discover now