3

3.9K 520 24
                                    

Yes,I like,you too?

"Cheers!!!"

ခွက်အချင်းချင်းတိုက်သံ​တွေက အခန်းထဲချက်ချင်းဆိုသလို ဆူညံသွားသည်။
ဝိုင်းအလိုက်ထိုင်ကြ​ပေမယ့် တစ်ချိန်တည်းမှာ အတူတူခွက်တိုက်တာမို့ အသံ​တွေက သာမန်ထက်ကျယ်​လောင်လို့။ သည့်အပြင် ​ဟေး​လေးဝါးလားနှင့်ပါ ဝိုင်း​အော်ကြသည်မို့ အခန်းကြီးတစ်ခုလုံးက ဆူဆူညံညံ။

မီး​အလင်း​ရောင်ကို​လျှော့ထားတာမို့ အလင်း​ရောင်က​ဖျော့​နေပြီး ပြာလဲ့လဲ့နှင့်။

အခန်းတွင်း၌ စားပွဲဝိုင်းက ၃ဝိုင်းရှိ​နေပြီး ၆​ယောက်တစ်ဝိုင်းထိုင်ကြရသည်။
ဆို​တော့ လူ​ပေါင်းအားလုံး ၁၈​​​ယောက်မျှ​ရှိသည်​ပေါ့။

သည်လိုနှင့်ထိုင်ရန်လူခွဲ​​သောအခါ ရိ​ပေါ်က ကိုယ့်လူရင်း​တွေရဲ့ဝိုင်း၌သာကျသည်။ လူခွဲထားသည်က ကိုယ်ရင်းနှီးရာ ရင်းနှီးရာထား​ပေးတာမျိုး။
ဒါ့​ကြောင့် ရိ​ပေါ်ရဲ့ဝိုင်းတွင် အစက ရိ​ပေါ်၊ ဖန်ရှင်း၊ ​ဟောက်ရွှမ်း၊ ကျိလီ၊ ကျဲဝမ်ချင်နှင့် ကျဲရွှမ်လုတို့ပါဝင်​သည်။

သို့​သော်လည်း ယခုမူ​တော့ မတူ​တော့။ အခန်းတွင်းသို့မ​မျှော်လင့်ထားပါ​သော ဧည့်သည်​ရောက်လာတဲ့အခါ ​နေရာ​တွေကပြန်​ပြောင်းပြန်သည်။
​ရှောင်းကျန့်ဆိုသူက ​တော်ရုံတန်ရုံလူနဲ့အ​ပေါင်းအသင်းမလုပ်တာမို့ သူရင်းနှီးတဲ့လူကအရှားသား။

ဖန်ရှင်း၊ ​​ဟောက်ရွှမ်း ၊ကျိလီ..​နောက်ပြီး သူနဲ့သာသိတာမို့ တစ်သီးတစ်သန့်တည်းဖြစ်​နေတဲ့ ​ရှောင်းကျန့်ကို ရိ​ပေါ်တို့ဝိုင်းထဲထည့်လာပြီး ​ဟောက်ရွှမ်းက အ​ပေါင်းအသင်းများတဲ့သူဖြစ်တာမို့ တစ်ခြားဝိုင်းသို့သွား​ပေးသည်။

ဒီလိုနဲ့ ရိ​ပေါ်နှင့်​ရှောင်းကျန့်တို့ တူတူထိုင်ဖြစ်ကြသည်ပဲ။
သို့​ပေမယ့် ​ဘေးချင်းကပ်​တော့မဟုတ်ခဲ့ရာ။ ရိ​ပေါ်ကိုအစစအရာရာနားလည်ပါ​သော
ဖန်ရှင်းက ရိ​ပေါ်နဲ့ နှစ်​ယောက်​ကျော်မှာသာ ​ရှောင်းကျန့်ကိုထားလိုက်တာမို့ ​ဘေးချင်းကပ်မထိုင်ဖြစ်​တော့။

သို့​ပေမယ့် မျက်နှာချင်းဆိုင်​တောင်ဖြစ်သွားခဲ့သည်မို့ ထူး​တော့သိပ်မထူးခဲ့။
ရိ​ပေါ်နဲ့ ​ရှောင်းကျန့်တို့ရဲ့ ညာဖက်ကြားထဲတွင် အတွင်းသိတဲ့ ဖန်းရှင်းနဲ့ကျိလီတို့က​နေရာယူပြီး ​ဘေးဖက်ခြမ်းကကြားထဲတွင်​တော့ သူတို့အ​ကြောင်းမသိတဲ့ကျဲနှစ်​ယောက်က ​နေရာယူလျက်။

Yes,I like,you too? Where stories live. Discover now