10

3.2K 411 36
                                    

Yes,I like,you too?

ကားအဲယားကွန်းထံမှ ​လေသံကလွဲလို့အသက်ရှုသံ​လေးတစ်ခု​တောင် မကြားရ။
​နောက်​​ကားအတွင်းလေထုကလည်း ​အေးစက်စက်နိုင်လာပြီ။

ယွီပင်းတစ်​ယောက်မှာလည်း ကား​မောင်းရင်း ​နောက်ကြည့်မှန်နဲ့ အ​နောက်ခန်းကလူသားနှစ်ဦးကိုအကဲခတ်လို့မဆုံး။ အ​နောက်က လူသားနှစ်ဦးဟာလည်း ကားပြတင်း​ပေါက်တစ်ဖက်တစ်ချက်ဆီကို အနှစ်နှစ်အလလ ​ဝေးကွာ​နေခဲ့ရတဲ့ ချစ်သူ​တွေလို အတင်းတွယ်ကပ်ပြီးတိုးလို့မဆုံး။

ယွီပင်းတကယ်လန့်သွားခဲ့တာပင်။ အမှန်​ပြောတာ! ဥက္ကဌ​ရှောင်းအခုလို အသံမာမာနဲ့​အော်တာ ပထမဆုံးပါပဲ။ အလုပ်သင်​လျှောက်တဲ့ကိစ္စတုန်းကလည်း ဆူ​တော့ဆူ​ပေမယ့် ယခုလိုမှမဟုတ်တာ။ ​နောက်ပြီး ဥက္ကဌ​ရှောင်းက အ​နေ​အေး​စက်ပြီး အရာရာကို​အေး​အေး​ဆေး​ဆေး ​ဖြေရှင်းတတ်တဲ့သူတစ်​ယောက်။

ဒါ​ပေမယ့် သူသတိထားရသ​လောက်က​တော့ ဒီအလုပ်သင် ဝမ်ရိ​ပေါ်ဆိုတဲ့​ကောင်​​လေးနဲ့ ပတ်သက်လာရင် ဥက္ကဌလုပ်သမျှအားလုံးက ထူးဆန်းလို့လာတာကို။
​ဒေါသ​တွေလဲထွက်တတ်လာသလို ပြုံးလဲပြုံးတတ်လာသည်၊ ဝမ်းလည်းဝမ်းနည်းတတ်လာ၏။ နဂိုတည်းက​တော့ ဒီကိစ္စ​တွေက လုပ်တတ်မှာမှန်​ပေမယ့် သူဆိုလိုချင်တာက ခံစားချက်​တွေကို ထိန်းမထားနိုင်​လောက်​အောင် ပွင့်ကျလာတာမျိုးကိုဖြစ်သည်။

သူ​တောင်နာမည်ကိုအလွတ်ရ​နေတဲ့အထိ ဒီ​ကောင်​လေးနဲ့ပတ်သက်တာ​တွေကိုလုပ်​​ပေး​နေရသည် မဟုတ်ပါလား။ ယွီပင်းသူတို့အား နားကိုမလည်​နိုင်​တော့ပါ။

​အခုပဲကြည့်ပါလား....၊ အရင်က​ ဂရု​တွေတအားစိုက်​ပေး​နေ​တော့ မိတ်​ဆွေသူငယ်ချင်း​တွေလို့သူကထင်​နေခဲ့တာ။ ဒါ​ပေမယ့်အခုကြ​တော့လဲ နည်းနည်း​လေး​တောင် နှုတ်ဆက်​ဖော်မရပြန်။ တစ်​ယောက်ကိုတစ်​ယောက်မျက်နှာလွှဲပြီး မမြင်ချင်​ယောင်​ဆောင်​နေကြပါတယ်။

တစ်ခါတစ်ခါဆို မဟုတ်တဲ့အ​တွေး​တွေဝင်လွန်းလို့ သူ့မှာ အမြန်​ဖျောက်ပစ်ရ​သေးတယ်။ ရည်းစား​ဟောင်း​တွေလားဘာလား​ပေါ့။ ဒါ​ပေမယ့် မဟုတ်နိုင်တာမို့ ​တွေးပြီးအားနာရ​သေး။ တကယ်ဘာ​တွေမှန်းမသိပါဘူး။ အတွင်း​ရေးမှူးတစ်​ယောက်လုပ်ရတာ အဲ့​လောက်ပင်ပန်းမယ်လို့ထင်ကိုမထင်ထားဘူး။ ပါပါးဆီမှာ​လေ့ကျင့်တုန်းက​တောင် အရာအားလုံးက​အေး​ဆေးတာ ၊ ဘာအလုပ်လာလာ ​ဒေါင်းတယ်။ ​အေး​ဆေး။ သို့​သော် အခုဥက္ကဌ​ရှောင်းနဲ့​တွေ့မှပဲ ​ခေါင်းချည်းထိုင်ကုတ်ချင်​နေ​တော့တာ။ အဆင်​တွေ​ပြေမ​နေခဲ့။

Yes,I like,you too? Where stories live. Discover now