26

2.2K 302 39
                                    

Yes,I like,you too?

​လောကမှာ ယွီပင်းမကြုံချင်ဆုံးအရာကို​ပြောပါ​ဆိုလျှင် ​သေချာ​ပေါက်ဥက္ကဌ​ရှောင်းရဲ့ ​ဒေါသလို့သူ​ဖြေမိမှာပါပဲ။ အကြည့်တစ်ချက်နဲ့တင် လူသတ်လို့ရတဲ့ ဥက္ကဌ​ရှောင်းရဲ့ မျက်ဝန်းနက်​တွေက တကယ့်လက်နက်စစ်စစ်​တွေပင်။

​လောကကြီးမှာ အသံသြဇာပြည့်တဲ့သူ ၊ အကြည့်သြဇာပြည့်တဲ့သူဆိုပြီး အစရှိသဖြင့်အမျိုးမျိုးရှိတဲ့အထဲ ဥက္ကဌ​ရှောင်းက​တော့ သြဇာမှန်သမျှကို တစ်ဖက်ကမ်း​ရောက်​အောင်ပိုင်နိုင်တဲ့သူလို့ သူ​ပြောလို့ရနိုင်ပါရဲ့။

သို့​ပေမယ့် ကံဆိုးချင်​တော့ အဲ့ဒီသြဇာမှန်သမျှက သူ့ရဲ့အ​ပေါ်ချည်းသက်​ရောက်​​​နေသလိုမျိုးဖြစ်​နေတာ​လေးတစ်ခုပါပဲ။ ဒါမှမဟုတ် သူကပဲ အ​နေအထိုင်မတတ်လို့လားပဲ။

အခု​တော့ ဥက္ကဌရဲ့အရှိန်အဝါ​​တွေကြောင့် ကား​မောင်းတာကိုပင် မနည်းအာရုံလွတ်မသွား​အောင် ထိန်း​နေခဲ့ရပါပြီ။

တကယ်ဆို သူ့ဟာသူပြီးသွားမယ့်ကိစ္စကိုဝင်ရှည်မိခဲ့ရာက​နေ ကံစဆိုးတော့တာပါပဲ။

တကယ်​တော့ ယွီပင်းဆိုလိုချင်ခဲ့တာက အ​နောက်ခန်းမှာကြီး ၃​ယောက်ထိုင်ရင်ကျပ်သွားမယ် ၊ ရိ​ပေါ်က အ​နောက်ခန်းမှာပဲထိုင်လိုက်ပြီး ဟိုအစ်မကို ​ရှေ့ခန်းမှာသီးသန့်ထိုင်ခိုင်းလိုက်ပါလား ဆိုပြီးသာဖြစ်သည်။ ​ပြောရမယ်ဆို ရိ​ပေါ်နဲ့ ဥက္ကဌ​ရှောင်း ၂​ယောက်တည်း အတူတူထိုင်ဖြစ်​အောင် ဂွင်ဆင်​ပေးတဲ့သ​ဘောမျိုးပဲ​ပေါ့။

သို့​ပေမယ့် ငတုံး​လေးက သူ့စကားကို​ တိုက်ရိုက်​ကောက်ပြီး သူ့ဘေးနားဝင်ထိုင်လာတဲ့အခါမှာ​တော့ ယွီပင်းဟာ မလိုချင်ဆုံးအရာ​တွေကို ရရှိပိုင်ဆိုင်​လေရ​တော့တာပါပဲ။

ဥက္ကဌကထုတ်မ​ပြော​ပေမယ့် သူ့ကို​သေချာ​ပေါက်အမြင်ကြည်မှာ မဟုတ်​တော့ပါဘူး။ သူ့ဘဝဟာ အလင်း​ရောင်မ​ပေါက်တဲ့ညအလား။ ​ရှေ့​လျှောက် ဘယ်လို​တွေများ​ရှေ့ဆက်ရပါ့။

သို့​ပေမယ့် ​စိုးရွံ့​မှု​တွေကို ထုတ်​ပြောနိုင်ခြင်းမရှိတာ​ကြောင့် ယွီပင်း တိတ်တိတ်က​လေးသာ ကားဆက်​မောင်း​နေခဲ့မိပါသည်။ အ​နောက်က​နေစိုက်ကြည့်​နေတာကို မသိချင်​ယောင်​ဆောင်ရင်းနဲ့ပဲ။

Yes,I like,you too? Where stories live. Discover now