2

4.2K 489 22
                                    

Yes,I like,you too?

ဝမ်ရိ​ပေါ်မျက်မှန်ကိုချွတ်လိုက်ပြီး မျက်ရိုး​တွေကိုနှိပ်နယ်ပစ်လိုက်သည်။

​ခေါင်းကိုက်​ခေါင်းမူး​အောင်သာရှာလိုက်ရ​​သော်လည်း သူနဲ့ပတ်သက်တဲ့ သူနဲ့သက်ဆိုင်​လောက်မယ့် အလုပ် တစ်ခု​လေး​တောင်ရှာမ​တွေ့။
အခုမှအလုပ်ရှားပါးတဲ့ပြသာနာများတက်​နေလား​တောင်မသိ။
ဘာအလုပ်ဆို ဘာအလုပ်မှတကယ်မ​တွေ့ပါ။

အရင်ကဆိုရင် သတင်း​လေးဘာ​လေးကိုယ့်ဘာသာကိုယ်ကြည့်​နေရင်​တောင် ဝင်လိုက်တဲ့ e-mail က​နေအလုပ်​ခေါ်စာ၊ ဝင်လိုက်တဲ့ စ​ကော်လားရှစ်​ခေါ်စာ။
ယခုများ​တော့လိုက်နှိပ်ကြည့်ရင်​တောင် လင့်​သေရတာနဲ့ လူပြည့်ရတာနဲ့။

လကကုန်ပါ​တော့မည်ဆို ​လျှောက်ထားသမျှအလုပ်​တွေကလည်း တစ်ခုမှမ​ခေါ်။
ဘာလို့များလဲ? ဖန်ရှင်း​က "ငါ​ချောလို့မလုပ်​ပေးချင်တာလား"ဆိုပြီး ​ပြော​ပြော​နေတဲ့စကားလို "ငါ​ချော​နေလို့ အလုပ်မ​ခေါ်ချင်တာလား"ဆိုပြီးသာ ​အော်​မေးလိုက်ချင်​ပါ​တော့သည်။

ကြည့်ရတာ မားမားကိုအထုပ်ပြင်ခိုင်းရ​တော့မည်နှင့်တူပါသည်။
ပါပါးက​ပြောရင်​ပြောသလိုလုပ်တတ်သူမို့ အိမ်​ပေါ်က ​ခေါင်းနဲ့ဆင်းရမလား
​ခြေနဲ့ဆင်းရမလားဆိုတာကို ​တွေး​နေဖို့ပဲ​လို​တော့တာ။ ဆင်းရဖို့က​သေချာ​နေခဲ့ပြီမို့။

*beezz...beezz*

စိတ်ပျက်လက်ပျက်နှင့် သက်ပြင်း​တွေစွတ်ချမိ​နေတုန်း စား​ပွဲ​ပေါ်တင်ထားသည့် အသံတိုးထားတဲ့ဖုန်းက တစ်လှုပ်လှုပ်တုန်ခါလာတာမို့ အလုပ်​ခေါ်စာများရတာလား ဘာလားဆိုပြီး အလျင်အမြန် ဖုန်းကိုယူဖွင့်ကြည့်လိုက်မိသည်။

သို့​သော် ဝမ်းနည်းစရာ​ကောင်းစွာ မဟုတ်ခဲ့။
ဖန်ရှင်းကမက်​ဆေ့ချ်ပို့လာတာသာဖြစ်တာမို့ သက်ပြင်း​​တွေထပ်ချမိပြန်ပါရဲ့။

သက်ပြင်း​တွေချ စိတ်​တွေပျက်ရင်းနဲ့ပဲ ဖန်ရှင်းပို့တဲ့ မက်​ဆေ့ချ်​ကောက်ဖတ်ကြည့်လိုက်​တော့....ပိုပြီး​တောင်စိတ်ပျက်သွားရပါ​သေးသည်။

Yes,I like,you too? Where stories live. Discover now