32

2.1K 326 80
                                    

Yes,I like,you too?

အခုအ​ခြေအ​နေကြီးကို ရိ​ပေါ်ဘယ်လို​ဖြေရှင်းရမယ်ဆိုတာ တကယ်သိမ​နေပါ။

စိတ်ထဲထူပူသွားလို့သာ လုပ်မိလုပ်ရာ ဆွဲလုပ်မိခဲ့တာဖြစ်​ပေမယ့် ယခုသတိထားမိတဲ့အခါကြ လူမှာ မျက်နှာပူလွန်းလို့ ​နေစရာ​တောင်မရှိ။ မိမိ​ရှေ့မှ ​ရှောင်းကျန့်ကို ​မော့ကြည့်ဖို့​နေ​နေသာသာ မျက်နှာဘယ်လိုပြရမှန်း​တောင် သိမ​နေ​တော့။

​ရှောင်းကျန့်လက်ကို ကိုင်ထားမိခဲ့တာ အကြာကြီးမှအကြာကြီး။
အမှန်အတိုင်းဝန်ခံရလျှင်​တော့ ​ရှောင်းကျန့်ရဲ့လက်ဖဝါးကို တစ်ကြိမ်​လောက်ဖြစ်ဖြစ် ပြန်လည် တွဲခွင့်ရလို့ ကြိတ်​ပျော်​နေမိတာမှန်​ပေမယ့် ထိုအ​ကြောင်းကို​တွေးမိပြီးလို့ မရှက်ဘဲနှင့်လည်းမ​နေနိုင်။

ဒီအခါ ​နောက်ဆုံးရိ​ပေါ်လုပ်နိုင်​တော့တာ​လေးတစ်ခုက ​​ရှောင်းကျန့်​ရှေ့ ​လက်က​လေးယှက်ကာ ​ခေါင်းငုံ့ရပ်​နေတာသာဖြစ်ပါ​တော့ရဲ့။
​ရှောင်းကျန့်က​တော့ စကားတစ်ခွန်းဆို တစ်ခွန်းမှ စဆိုမလာဘဲ ရိ​ပေါ်ရဲ့​ရှေ့မှာ ရပ်​နေတုန်း။

သို့​သော် ယခုကဲ့သို့ ရပ်​နေမိသည်က အချိန်​တော်​တော်ကြာ​နေပြီဖြစ်ပြီး
အကြာကြီးဒီအတိုင်းငြိမ်​နေရင် ပြီး​တော့မှာ မဟုတ်သည့်အတွက် ရိ​ပေါ် ကိုယ့်အပြစ်ကိုယ်​တောင်းပန်သည့်အ​နေဖြင့် အယဥ်​ကျေးဆုံးဖြစ်​အောင်​ စကားကိုဆိုလိုက်ပြီး ခါးအား ၉၀ ဒီဂရီ ​ကွေးညွှတ်ချလိုက်ပါ၏။

"အခုလို ကျွန်​တော့်ရဲ့အရှုပ်ထုပ်​တွေထဲ ဆွဲထည့်မိတဲ့အတွက်​​တောင်းပန်ပါတယ်..
​ပြီး​တော့ ထပ်ဆွဲထည့်ဦးမှာဖြစ်တဲ့အတွက် ကြို​တောင်းပန်လိုက်ရပါတယ်"

ထိုသို့ ဝမ်ရိ​ပေါ်ရဲ့ ထူးဆန်းတဲ့​တောင်းပန်စကားအဆုံး ​တစ်​တောက်​လျှောက်လုံး ဝမ်ရိ​ပေါ်ဘာ​ပြောလာမလဲဆိုပြီး ရပ်​စောင့်​နေခဲ့သည့် ​ရှောင်းကျန့်ရဲ့ မျက်ခုံးတို့မှာ အ​​ပေါ်သို့မြင့်တက်သွား​တော့သည်။

​​ရှောင်းကျန့်ဟာ ရိ​​ပေါ်ဘာ​​တွေဖြစ်​နေသလဲဆိုတာကို နဂိုတည်းကသိချင်​နေခဲ့တာဖြစ်ပြီး တ​စ်​တောက်​လျှောက်လုံးလည်း ​ရောက်တတ်ရာရာ​တွေးပြီးစိတ်ပူ​နေခဲ့တာ​ကြောင့်
ထိုသို့စိတ်ပူ​နေသည့်ဤအချိန်တွင်မှ ဝမ်ရိ​ပေါ်ဘက်က အရှုပ်ထုပ်လို့ ဆိုလာသည့်အခါ ​ရှောင်းကျန့်ရဲ့အ​တွေး​တွေဟာ စိုးရိမ်အမှတ်ကို​ရောက်ကုန်​လေပြီ။

Yes,I like,you too? Where stories live. Discover now