43

1.6K 190 22
                                    

Yes,I like,you too?

နဖူး​က​လေးထက်သာ နူးညံ့စွာအကြင်နာ​ချွေမိသည့်အခါ နှုတ်ခမ်း​ဆူကာ စိတ်​ကောက်​လေ​​သော ​ကောင်က​လေးတစ်​ယောက်အ​ကြောင်း ​ရှောင်းကျန့်​တွေးမိသည်။

အခွင့်အ​ရေးမယူချင်၍ ဤမျှ​လောက်နှင့် ကြည်နူးရ​ကြောင်း ရှင်းပြသည့်အခါ
မျက်လုံးက​လေးများပင်မပွင့်​ဘဲ ချစ်စရာ​ကောင်း​အောင် အားရ​စွာပြုံးတတ်​သော ​ကောင်က​လေးအား မြင်​ယောင်မိ၏။

"ကျွန်​တော်က ရှက်သွားတာ​ပေါ့" ဟူ၍ နှုတ်ခမ်းဆူ​ပေးမိသည်ကို ရှက်​ကြောင်း ပွင့်လင်းစွာ ဝန်ခံ​သော အမူးသမား​လေးသည် ​ရှောင်းကျန့်၏တန်ဖိုးဖြတ်မရ​သော ​ပျော်ရွှင်မှုပင်။

နံနက်ခင်းအိပ်ယာထစတွင် ​မျက်လုံးက​လေးများ​မှေးစင်း၍ နှုတ်ခမ်းက​လေးကိုဆူထားတတ်​ကြောင်း...၊ နိုးခါစလုံးဝန်း​နေ​သောနှာခေါင်းက​လေးများမှာ နီရဲလို့ချစ်ဖွယ်​ကောင်း​လွန်းကြောင်း စသည် စသည်ဖြင့် သိခွင့်ရှိလိုက်သည့်သူသည် ကံအ​ကောင်းဆုံးလူသား​ဖြစ်​လောက်မည်ကအ​သေအချာ။

သည့်အပြင် ဝမ်ရိ​ပေါ်က​လေးဟာ အနည်းငယ်မျှ​အအိပ်ကြမ်း​ကြောင်းလည်း သိခွင့်ရလိုက်​သေး၏။

မြင်​တွေ့ဖူးခြင်းမရှိခဲ့၍ အံ့သြမိသည်ထက် ချစ်ရ​သော​သူက​လေး၏ တစ်ဖက်ခြမ်းကို မြင်ခွင့်ရသည်​ကြောင့် သည်ညသည် ​ရှောင်းကျန့်ဘဝအတွက်ရတနာအလားပင်ဖြစ်​ချေ​တော့မည်။ ဘယ်​​သောအခါမှ ​မေ့နိုင်မည်မဟုတ် ၊ ဘယ်​သောအခါမှ ​မေ့​လောက်မည်မဟုတ်။

​တွေးမိ​လေသည်တိုင်း ပြုံး​စေမည့် အတိတ်တစ်ခုဖြစ်ပြီက ​သေချာ​​လေပြီ။ 

ပြန်ခါနီးကျီစားကာ ​ပြောဆိုခဲ့​သော သူ့စကားအား အကြိတ်အနယ်စဥ်းစား​နေ​လောက်ပြီဖြစ်​ကြောင်း ​တွေးမိ​လေပြန်​တော့ ​ရှောင်းကျန့်ဟာမျက်လွှာများချကာ ပြုံးရယ်ရင်း ​ခေါင်းတစ်ခါခါ။

ဝမ်ရိ​ပေါ်ဟာ ဤမျှ​လောက်ပါလား ။ ဤမျှ​လောက် မြတ်နိုးဖွယ်​ကောင်းပါလားဟု စဥ်းစားမိ​သော သူသည် သူ့ကိုယ်သူ​ပြန်​ထောက်ခံရင်း ထပ်မံ​စဥ်းစားရင်းနှင့်ပင် သံသရာလည်​နေ​ရော့သည်။ သို့​သော် ဤသည်ကိုပင် ဝမ်းသာ​နေသူမို့ အဘယ်သို့မျှ ပြသာနာမရှိပါ​ချေ။ ​ရှောင်းကျန့်သည် တစ်ဦးတည်းပင် အလွန်​ပျော်တတ်​နေခဲ့၏။

Yes,I like,you too? Where stories live. Discover now