47

1.5K 178 12
                                    

Yes,I like,you too?


ဘတ်စ်ကား​ပေါ်တွင်ဖြစ်သည်။

ရိ​ပေါ်မှာ ဒူး​​နှစ်ဖက်ပေါ်လက်က​လေးနှစ်ဖက်တင်ကာ ထိုင်ရင်း သူ့အ​ဖေကို လှမ်းကြည့်လှမ်းကြည့်။

​နေရာအတူမရ၍ သူ့​ဘေးခုံရဲ့အ​ရှေ့ မျက်​စောင်းထိုး​နေရာတွင် ထိုင်​နေရ​သော ပါးသည် ရုပ်တည်ကြီးနဲ့ သူ့ကိုလှမ်းလှမ်းကြည့်တတ်​သေးသည်။ ထိုအခါ ရိ​ပေါ်ကလည်း ​ကြောင်အပြီးဘယ်အချိန်ကြည့်သလဲသိချင်လို့ မသိမသာပြန်ချောင်းကြည့်နဲ့။

ရိ​ပေါ်ရဲ့ပါပါးသည် ရိ​ပေါ်ရဲ့ပါပါးဖြစ်တာ​ကြောင့် တအားခန့်ညား၏။
ဆံပင်တိုကပ်ကပ်ကို ဆီ​ကောင်းစွာလိမ်းပြီး ​ဘေးခွဲထားတာမို့ စည်းကမ်းရှိပြီး ​သေသပ်သူဖြစ်​ကြောင်းပြသည်။ ​နောက်ပြီး ​ရွှေ​ရောင်ကိုင်းနှင့် ​လေး​ထောင့်ဆန်ဆန်မျက်မှန်ကိုတပ်ထား​သော​ကြောင့် အလုပ်ကြိုးစား​ကြောင်းလည်း ​ပေါ်လွင်​နေ၏။

ထို့ထက်အ​ဆိုးဆုံးသည်​တော့ ပါပါးဟာ အသက်၅၂ပင်ရှိ​နေပြီဖြစ်​သော်လည်း ၄၀​လောက်သာထင်ရ​လောက်​အောင် မတရားနုပြီး ​စောက်ရမ်း​ချော​နေခြင်းပင်။

ခါတိုင်း အရမ်းဆူပြီး အ​ပေါက်ဆိုးတာ​ကြောင့်သာ ရုပ်ရည်ကိုသိပ်မကြည့်ခဲ့​ပေမယ့် တကယ်တမ်း ခုကား​ပေါ်​ရောက်လို့ ​သေ​သေချာ​ချာ သူများနဲ့ယှဥ်ကြည့်​တော့မှ ​စောက်ရမ်း​ချော​သော အ​ဖေကိုသူပိုင်ဆိုင်ထားရမှန်း သတိထားမိခြင်း။ အသက်၂၇ပြည့်မှ သိတာ​တော့မဟုတ်​ပေမယ့် အခုမှ ပြန်သတိထားမိခြင်း။ ဒါမှမဟုတ် အရမ်းဆူလွန်းတဲ့ပါပါးကို လူဆိုးကြီးလို့သမုတ်မိပြီး ​သေချာမကြည့်ခဲ့လို့ဖြစ်ပါလိမ့်မည်။

​ကောင်မ​လေးတစ်ချို့မှာပင် sugar daddy , sugar daddyနဲ့ ​သူ့​ဘေးနားလာရပ်ပြီး ပွစိထိုး​ပြော​နေကြတာမို့ သူ့မှာမ​ကျေမနပ်။ သူSugar Daddyဆိုတဲ့အဓိပ္ပါယ်ကိုသိသည်​လေ။ အသက်ငယ်ငယ်​လေး​တွေနဲ့ကြိုက်ပြီး ပိုက်ဆံ​တွေ​ပေးတယ်ဆိုတဲ့ လူ​တွေမလား။ သူသိသား...။

သူ့ပါးကို အဲ့လိုမျိုး​ပြော​နေတာသူမကြိုက်။ ပါပါးက အငယ်​လေး​တွေနဲ့ကြိုက်စရာလား? ရွယ်တူ သူ့မာမားရှိ​နေတာ။ ဘာလို့အသက်ငယ်နဲ့သူ​တွေနဲ့ ကြိုက်ဖို့လိုဦးမှာလဲ?
​နောက်ပြီး သူ့ပါးခန့်ညားတာာသူသိပြီးသားမို့ သူတို့​တွေ​သူ့ဘေးနားတွတ်ထိုးဖို့ မလို​ကြောင်း ​တွေးမိတာပါပဲ။

Yes,I like,you too? Where stories live. Discover now