50

1.9K 172 62
                                    

Yes,I like,you too?

"မစ္စတာ​ရှောင်းကျန့်အမည်နဲ့ဟုတ်ပါတယ်​နော်"

"အင်း"

ရိ​ပေါ် ​ရှေ့ကMac bookကြီးကိုတစ်​တောက်​တောက်နှိပ်ပြီး စာရင်းစစ်နေတဲ့ ဧည့်ကြို​ကောင်တာမှဖိုးဖိုးကြီးကိုကြည့်ရင်း နှုတ်ခမ်း​လေးကိုဖိပိတ်ထားမိသည်။
မျက်လုံးများကလည်း အ​ငြိမ်မ​နေနိုင်။ မသိမသာက​လေး ​ခြေဖျား​ထောက်ရင်း ဘာ​တွေများရိုက်​နေသလဲလို့ ခိုးကြည့်​နေမိ​သေး၏။

ဆိုင်တစ်ခုလုံးအတွက် ​အစားအ​သောက် စားပွဲကစလို့ ကြိုတင်တင်ထားသည့်စာရင်းအကုန်လုံးကို ထို​နေရာမှကြည့်သွားခြင်းဖြစ်သည်။

ဆိုင်၏ကြီးကျယ်ခမ်းနားပုံမှာ ထိုမျှပင်။ ဒီအတိုင်း ဧည့်​ကြိုကောင်တာက လူ​​တောင်Mac bookကြီးနဲ့။ ရိ​ပေါ်တို့ဆို အပြင်မှာမြင်​တောင်မြင်ဖူးတာမဟုတ်။

အရမ်းမိမိုက်​နေ​ရောပါပဲ။

​ခေါင်းတညိမ့်ညိမ့်နဲ့လိုက်ကြည့်​နေတဲ့ ဝမ်ရိ​ပေါ်က ပထမဝင်ကာစတုန်းက နေရခက်​နေသလိုခံစားချက်​တွေကို ​အထဲကို​ရောက်ကတည်းက ​​ဖြေ​ဖျောက်လိုက်ပြန်ပြီဖြစ်ပြန်သည်။

"ဟုတ်ပါပြီ...မစ္စတာ​ရှောင်းကျန့် ၊ ကျွန်​တော်တို့ဘက်က ​တွေ့ရတာအရမ်းကိုဝမ်းသာမိပါတယ်..လူကြီးမင်းတို့ရဲ့ဝိုင်းကို လိုက်ပြခွင့်ပြုပါကွယ်"

"ဟုတ်ကဲ့"

ဖိုးဖိုးကြီးက အသက်၆၀​ကျော် ၇၀နီးပါးရှိ​လောက်ပြီဖြစ်​သော်လည်း သန်သန်စွမ်းစွမ်းပင်။ ဆံပင်​တွေအားလုံးဖြူ​နေပြီး ပါးရည်က​လေးနည်းနည်းတွန့်ရုံကလွဲ တုန်တုန်ချိချိ​တောင်မဖြစ်။

ရိ​ပေါ်​တောင် အကြာကြီးမတ်တပ်ရပ်ရတာတို့ ဘာတို့ဆို ခါးနာရတာနဲ့​ခြေ​ညောင်းရတာနဲ့ရှိ​သော်လည်း ​ရှေ့ကဦး​ဆောင်ပြီး​ခေါ်သွားတဲ့ထိုဖိုးဖိုးကြီးက​တော့ သွက်ခနဲသွက်ခနဲ။

ပြုံးပြပြီး ​ဦး​ဆောင်သွားတဲ့​နောက်သို့ ရိ​ပေါ်နဲ့​ရှောင်းကျန့်လည်း အတူတကွလိုက်သွားကြရသည်။ ဆိုင်က ​အောက်ထပ်တစ်ထပ်လုံးကို အခန်း,အခန်း​တွေနဲ့ ဖွဲ့စည်းထားတာမို့ တစ်ခါတစ်ရံဝိတ်တာတစ်ချို့တစ်​လေကလွဲပြီး တခြားလူသိပ်မ​တွေ့ရ။

Yes,I like,you too? Where stories live. Discover now