36

2.1K 270 42
                                    

Yes,I like,you too?

​​နောက်ထပ်စ​နေ​နေ့နံနက်ခင်းတစ်ခုပင်။
အချိန်​တွေက မြန်လှသည်။ ယခင်အပတ် ဤ​နေ့လို စ​နေ​နေ့က ပြသာနာ​ပေါင်း​သောင်း​ခြောက်​ထောင် ဖြစ်ခဲ့သည်က ဘာမှမဟုတ်​တော့သလို။ ဒီကြားထဲကြုံ​တွေ့ခဲ့ရသည့်အဖြစ်အပျက်​တွေကလည်း မထင်ရှား​တော့သလို..။

ပိတ်ရက်ဖြစ်​နေသည့်အား​လျော်စွာ ဝမ်ရိ​​ပေါ်တစ်​ယောက်အိမ်တွင်ရှိ​နေ​ပြီး အိပ်ယာထဲ​စောင်ခြုံကာ​ခွေလျက်ရှိ​နေသည်။

သို့​သော် ခါတိုင်းကဲ့သို့အိပ်​ပျော်​နေသည်​တော့မဟုတ်။ အိပ်၍မ​ပျော်သည်လား အိပ်၍မရသည်လားက​တော့ ကာယကံရှင်ကိုယ်တိုင်သာသိနိုင်သည်။ သို့​​ကြောင့် ယ​နေ့နံနက်​တော့ ဝမ်ရိ​ပေါ်​တစ်​ယောက်စောစီးလှစွာ နိုး​နေခဲ့ပါ၏။

​ခပ်ဖွဲဖွဲနှင့် တစိမ့်စိမ့်ရွာချ​နေ​သောမိုးက ရိ​ပေါ်၏စိတ်အ​ခြေအ​နေနဲ့ လိုက်ဖက်ညီ​နေသကဲ့သို့ ညို့မှိုင်းလျက်။ ​အေးစိမ့်စိမ့်ခံစားချက်က လူလုပ်စက်ပစ္စည်းများမှလာသည် အ​အေးဓါတ်နှင့်တူမ​နေ။ ရုပ်ပိုင်းဆိုင်ရာအပြင် စိတ်ပိုင်းဆိုင်ရာခံစားချက်များကိုပင် ​အေး၍လာ​စေသည်။

စောင်ကိုကိုယ်လုံးပြည့်ခြုံပြီး မျက်နှာက​လေးတစ်ဝိုက်သာ​ဖော်လို့ ​ခေါင်းအုံးကြီးထဲ နစ်ဝင်တိုးမြုပ်​နေ​သောရိ​ပေါ်က မျက်နှာချင်းဆိုင်မှ လိုက်ကာစများဖြင့်ကာရံခြင်း ခံထားရ​သော ပြတင်း​ပေါက်က​လေးကို လှမ်း၍ကြည့်လို့ရှိ​နေသည်။

လိုက်ကာစကား အစိမ်းနု​ရောင်​ပါးပါးကလေးသာဖြစ်တာမို့ အခန်းတွင်းအ​မှောင်ချထားပြီး အလင်းဓါတ်အားအပြင်ဘက်မှ လက်ခံရရှိ​နေ​သောအခါ အပြင်ဘက်မှမိုး​ရေ​များကြောင့် တစက်စက်လှုပ်ရမ်း​နေ​သောသစ်ပင်ရိပ်နှင့် မိုးကျသံများအား မြင်​နေကြား​နေရလျက်ရှိ​နေသည်။

ထိုသည်က ရိ​ပေါ်ရဲ့အ​ဆွေးဓါတ်ခံအား တ​ဖြေး​ဖြေးတိုက်စား​နေသကဲ့သို့ပင်။

မ​ရေရာ​သောခံစားချက်များနှင့် ရှုပ်​ထွေး​နေ​သော ရင်ခုန်သံတို့အကြား မည်သူ့ကို​ရွေးရမလဲသူမသိ။ ဘယ်သူကဘာလဲ ဘယ်သူကဘာဖြစ်ချင်​နေသလဲဆိုတာ နားလည်းနားမလည်​တော့ပါ​ချေ။

Yes,I like,you too? Where stories live. Discover now