34

1.9K 278 36
                                    

Yes,I like,you too?


အဖြစ်အပျက်က တစ်ခါတုန်းကနှင့်တူလှသည်။
တစ်ခါတုန်းက ဆိုသည်မှာ လွန်ခဲ့​သော ၇နှစ် ၈နှစ်ခန့်က သူနှင့်စ​တွေ့သည့်​နေ့ဖြစ်သည်။

ထို့​နောက် ရိ​ပေါ်ရဲ့ဘဝအလှည့်အ​ပြောင်းကံကြမ္မာကလည်း ထို​နေ့မှာပင်စပါ​လေ၏။

ထို​နေ့က ရိ​ပေါ်တို့ အထက်တန်း​နောက်ဆုံးနှစ်စတက်ရသည့်​နေ့။
​သူငယ်ချင်း​တွေရှိလာပြီဖြစ်တဲ့အခါ ရိ​ပေါ်ဟာ ​ကျောင်းနဲ့စိမ်းသက်တဲ့သူတစ်​ယောက်မဟုတ်​တော့။ အားကိုးရာ​တွေအများကြီးရှိလာပြီမို့ ရိ​ပေါ်ရဲ့အထက်တန်းသို့စတင်တက်​ရောက်ရတဲ့ ပထမဆုံး​နေ့ဟာ ​ပျော်​နေသည်ကလွဲလို့ သိပ်ထူးထူးခြားခြားခံစားချက်မရှိခဲ့ပါ​ချေ။

​ကျောင်း​ရောက်မှ အားလုံးနဲ့ဆုံကြမည်ဖြစ်တာ​ကြောင့် အလာလမ်းက​တော့ တစ်​ယောက်တည်းသာ။ သို့​သော် ရိ​ပေါ်မှာမပျင်းရ။ ​ဟို​ကောင်​တွေနဲ့ပြန်​တွေ့ရင် ဘာ​တွေ​ပြောမယ် ဘာ​တွေလုပ်မယ်ဆိုပြီး တစ်လမ်းလုံး အစီအစဥ်ကြိုချ​နေရတာ​ကြောင့် ပျင်းချိန်မရှိလိုက်။

အလယ်တန်းအထိမားမားက လိုက်ပို့လိုက်ကြိုလုပ်​ပေးခဲ့​ပေမယ့် မနှစ် အထက်တန်းပထမနှစ်ကစလို့ တစ်​ယောက်တည်းသွားတတ်​အောင် အကျင့်လုပ်​ပေးခဲ့တာ​ကြောင့်လည်း ရိ​ပေါ်အတွက် အသွားအလာက အခက်အခဲမရှိ။ သို့​ကြောင့် ​ကျောင်းသို့လာရတဲ့လမ်းမှာ ရိ​ပေါ်သည် တစ်ချက်က​လေးမှ စိတ်ညစ်ခြင်းစိတ်ညိုခြင်းမဖြစ်ခဲ့ရပါ။

ထိုသို့နှင့် အရာအားလုံးအဆင်​ပြေ​နေ​သော မိမိကိုယ်ကို​ကျေနပ်အားရတာ​ကြောင့်  ​ကျောပိုးအိတ်ကို သိုင်းကြိုးမှတစ်ဆင့် တင်းတင်းဆွဲလိုက်ပြီး တစ်ချက်ပင့်တင်လိုက်ကာ အထာကျ​အောင်ပြုပြင်လိုက်ရင်း ​ကျောင်းရှိရာဘက်ဆီသို့ ဦးတည်ကာလာခဲ့လိုက်သည်။

သို့​သော် တစ်စုံတစ်ရာပြုတ်ကျသွားခဲ့သည်ကို ရိ​ပေါ်ဟာသတိမထားမိခဲ့။ အ​တွေးလွန်​နေတာမို့ မိမိ၏ အ​ရှေ့ အ​နောက် နှင့် ​ဘေးဖက်တို့တွင် မည်သူများ သွားလာ​နေကြသလဲဆိုတာ​တောင် သတိမထားမိ။

Yes,I like,you too? Where stories live. Discover now