15

2.9K 344 30
                                    

Yes,I like,you too?

"တစ်တိုက်လုံးမှာ တစ်​​ယောက်တည်း​တော့မဟုတ်ဘူး​ပေါ့...
ဒါ​ပေမယ့် တစ်​ဆောင်လုံးမှာ​တော့ တကယ်တစ်​ယောက်တည်းရှိ​နေတာ
​ခြေသံ​တွေကလည်း တရှပ်ရှပ်နဲ့ ဟိုပစ္စည်း​တွေက ပြုတ်ကျ ဒီပစ္စည်း​တွေက ပြုတ်ကျနဲ့ တကယ်လန့်​နေရတာသိလား"

"ဟင်...တကယ်ကြီးလားဟင်?"

"တကယ်​ပေါ့...​နောက်ပြီး သူကထုတ်လုပ်​ရေး​ဆောင်ဆို​တော့
မ​တော်တဆမှုဘာညာရှိရင်ရှိခဲ့မှာ​ပေါ့...ဒါ​တွေ​ကြောင့်​နေမယ်"

"ဖြစ်နိုင်တယ်​နော်...​ကြောက်စရာကြီး"

"အဲ့တာ​ပြောတာ​လေ... ထုတ်လုပ်​ရေး​ဆောင်က တကယ်ကြက်သီးထစရာ​ကောင်းတာပါဆို"

"ဟွန့်..."

အားရီဟွမ်ရဲ့စကား​တွေကိုနား​ထောင်ပြီးတဲ့​နောက် အားရီဟွမ်နဲ့မျက်နှာချင်းဆိုင်မှာထိုင်​နေတဲ့ ရိ​ပေါ်ရဲ့မျက်နှာ​လေးဟာ ဇီးရွက်​လေး​လောက်သာကျန်တော့မတတ် နှင့် ပြို​တော့မယ့်မိုးလို။
သရဲအလွန်​ကြောက်တဲ့ရိ​ပေါ်ဟာ ထုတ်လုပ်​ရေး​ဆောင်က ဇာတ်လမ်းအချို့ကို ကြားသိရပြီးတဲ့အခါကျ ​နောက်လသွားရမည်ကိုကြိုတင် ​တွေးပူရင်း စတင်စိတ်ညစ်​နေရ​ပြီဖြစ်သည်။

ရိ​ပေါ်က သရဲကို အ​ကောင်အထည်လိုက်မ​ပြောပါနှင့် ၊ သ နဲ့ ရဲဆိုပြီး စာလုံးခြား​ပြောရင်​တောင် ​​ကိုယ့်ဘာသာပေါင်း​တွေးပြီး ကြက်သီး​တွေထမတတ်​တွေးကာ​ကြောက်တတ်သည်။ သရဲဆိုသည်ကို တခြားအရာ​တွေအားလုံးထက်​ ပိုကြောက်သည်ဆိုလည်းမမှား။

ရှင်းရှင်း​ပြောရရင် ပါပါးထက်​တောင် သရဲကို​ကြောက်တာပင်။

သို့​သော် ​ကြား​နေရသည့်ဇာတ်လမ်းသည်ကား ​နောက်လသူသွားရမည့် ထုတ်လုပ်​ရေး​အ​ဆောင်မှာတဲ့။ ယခုပုံစံကား ထုတ်လုပ်​ရေး​ဆောင်ကြီးက ယခုတည်းကသူ့အားလှမ်း​ပြောင်ပြ​နေသလို။ ဘယ်လိုလုပ်ရပါ့။ ​နောက်လ​တကယ်အလုပ်​တောင်မဆင်းချင်​တော့ပါဘူး။

"အဲ့တာဘယ်တုန်းကလဲဟင်?"

"နည်းနည်း​တော့ကြာပြီ​ပေါ့...ဒါ​ပေမယ့် ဒီအဖြစ်​တွေက အခုလည်းကြား​နေရတုန်းပဲ​လေ....ဟင်းဟင်း"

Yes,I like,you too? Where stories live. Discover now