51

1.6K 156 53
                                    

Yes,I like,you too?

"​ပျော်ရွှင်စရာ​မွေး​နေ့ပါ​ ​ရှောင်းကျန့်​ရေ"

အ​ရောင်တလက်လက်ထသွား​သော​မျက်ဝန်းက​လေးများ၏ပိုင်ရှင်ရှောင်းကျန့်။

ရိ​ပေါ်နှစ်နှစ်ခြိုက်ခြိုက်ပြုံးလိုက်မိပြီ။

"​ရှောင်းကျန့် သ​ဘောကျရဲ့လားခင်ဗျာ"

"အင်း..."

​ရှောင်းကျန့်သည် မိမိလက်ထဲတွင်ရှိ​နေ​သောအပြာ​နုရောင်ကိတ်က​လေးအား အကြည့်မလွှဲဘဲ

"သ​ဘောကျတယ်...ရိ​ပေါ်"

နူးညံ့စွာပြုံးရင်းဆိုလာ​လေတဲ့အခါ ရိ​ပေါ်မှာ အကြိမ်ကြိမ်အခါခါရှုံးရပါ​တော့သည်။

လက်ထဲမှကိတ်အပြာက​လေးကို​ရှောင်းကျန့်လက်ထဲလွှဲ​ပေးလိုက်ပြီး​နောက် ပြုံးလို့သာရပ်ကြည့်​နေဖြစ်​တော့၏။

ဒီအတိုင်းရပ်​နေခဲ့သည်​တော့မဟုတ်ခဲ့ပါ။ ​ပျော်ရွှင်​နေဟန်​ရှောင်းကျန့်အား​စောင့်​ပေးရင်း​ပေါ့။

ရိ​ပေါ်​ရှောင်းကျန့်ရဲ့အပြုံး​တွေကိုမြင်ရတဲ့အခါ လက်​ဆောင်အဖြစ်ကိတ်က​လေး​ပေးဖို့စဥ်းစားမိသည့် ကိုယ့်ကိုယ်ကိုယ်သာ အမှတ်​ပေးမိပါသည်။

ဒီကိတ်က​လေးက ရိ​ပေါ်ကိုယ်တိုင် ပုံစံပြအပ်ထားခြင်း။ ပုံဆွဲညံ့​ပေမယ့် ​မ​တောက်တ​ခေါက်တုတ်​ချောင်းပုံများကို ဆိုင်မှဒီဇိုင်းပညာရှင်များအားပြရတာ ရှောင်းကျန့်အတွက်မို့မရှက်ခဲ့။

​ရိ​ပေါ်အများကြီး​တွေးခဲ့တာပင်။ ​ဒီရက်များအတွင်း အများဆုံး​တွေးခဲ့မိသည်က ရှောင်းကျန့်​မွေး​နေ့အတွက်လက်​ဆောင်ဘာပေးရမလဲဟူသည့်အ​ကြောင်းများပင်။ ​စိတ်ပူရတဲ့ကိစ္စများနဲ့ ရင်ခုန်ရတဲ့အ​တွေး​တွေလည်းဝင်ခဲ့​သော်လည်း ဒီလက်​ဆောင်အတွက်ကို​တော့ အချိန်သီးသန့်ဖယ်ပြီး​တွေးဖြစ်ခဲ့သည်။

အရာရာပြည့်စုံ​နေသည့်​ရှောင်းကျန့်ကို ဘာမဟုတ်တဲ့သူက တကူးတကဖြည့်ဆည်း​ပေးနိုင်မှာမျိုးမရှိ​လောက်။ ​သေချာပါသည်။ ဒါကို​တွေးမိ​တော့ ဝမ်းနည်းသွားရ​ပေမယ့် သူ့ချစ်သူ​ဟောင်း သူငယ်ချင်း​လေးက အပြီးပြည့်စုံဆုံးလူသားဖြစ်​နေတာမို့ ဂုဏ်ယူဝမ်းသာမဆုံးဖြစ်ရပြန်သည်။

Yes,I like,you too? Where stories live. Discover now