12

3.1K 364 22
                                    

Yes,I like,you too?

ယ​နေ့လည်း ထုံးစံအတိုင်းပါပဲ။
ကျဥ်း​မြောင်းလှတယ်လို့မဟုတ် ကျယ်လွန်းလှသည်လည်းမဖြစ်သာဘဲ
လူနှစ်​ယောက်စာအတွက်ဆို ​တော်​တော်ကျယ်ကျယ်ဝန်းဝန်း ​ချောင်​ချောင်ချိချိဖြစ်တဲ့
ဤရုံးကဓါတ်​လှေကားကြီးအတွင်းမှ လေထုရပ်ဝန်းထဲ ​​အေးစက်​နေတဲ့မော်လီကျူး​အမှုန်လေး​တွေက များ​နေပုံရပါရဲ့။

ဘာလို့ဆို ​ပြောခဲ့သလို ထုံးစံအတိုင်းလို့ဆိုခဲ့သလိုပါပဲ။
ထုံးစံအတိုင်း သူတို့နှစ်​ယောက်ရဲ့ကြား​က​လေထုရော ပတ်ဝန်းကျင်က​လေထုမှာရော
တိတ်ဆိတ်ခြင်းနှင့် ​အေးခဲခြင်း​တွေသာ ပြည့်နှက်​နေပါတာ​ကြောင့်ဖြစ်ပါရဲ့။

ဒါက​ရှောင်းကျန့်ရဲ့အနား သူ​ရောက်သွားတိုင်းခံစား​နေကြရမဟုတ်လား။
ဘယ်​လောက်ထိ​တောင်လဲဆိုရင် လက်ဖျား​ခြေဖျား​တွေက ​အေးစက်ချင်သလိုလို
​ချွေးထွက်ချင်သလိုလိုဖြစ်​နေတဲ့အထိ။

​​ခေါင်းကိုအ​ပေါ်သို့မ​မော့ရဲတာမို့ ​အောက်သို့သာငုံ့​နေမိပါတယ်။
​အောက်သို့ငုံ့​နေမိရင်းလဲ ​သူ့မှာမနားရ။ ခေါင်းထဲ​ပေါ်လာတဲ့​မေးခွန်း​တွေကိုအ​ဖြေရှာ​နေရ​သေးတာ။

​မေးခွန်းက​တော့တခြားမဟုတ်ပါ။ ​မေးခွန်းရဲ့အ​ကြောင်းအရင်းက ​ရှောင်းကျန့်ရဲ့လက်ပဲဖြစ်ပါရဲ့။

ဒါ​ပေမယ့် လက်ချည်း​ကြောင်းလဲမဟုတ်​နေပြန်။
ပလာစတာ​တွေနဲ့ပြည့်​နေတဲ့ လက်​တွေက အနည်းငယ်ထူးဆန်းဖို့​ကောင်းနိုင်သ​ယောင်ရှိ​ပေမယ့် တကယ်တမ်း​တွေးကြည့်ရင်​တော့ သိပ်စပ်စုချင်စရာမ​ကောင်း။
သို့​သော်လည်း အကယ်၍များ အဲ့ဒီလက်​တွေကို မမြင်​အောင်ဝှက်ဖို့ကြံ​နေတယ်ဆိုရင်​တော့ ဒါကထူးဆန်းဖို့​ကောင်းသွားပြီ။ အထူးသဖြင့် ဝှက်​နေတဲ့သူက ​ရှောင်းကျန့်ဆိုရင်​ပေါ့။

ဘာ​တွေကများ ဘယ်ကစထူးခြားသွားသလဲဆိုတာကို ရှင်းပြရမယ်ဆိုလျှင်
ဓါတ်​လှေကားတံခါးက ပိတ်ခါနီးမှ ပြန်ပွင့်သွားတဲ့အချိန်မှာစပါ၏။

တံခါးပွင့်ပွင့်ချင်း ရိ​ပေါ်မှာ ​ရှောင်းကျန့်ကို ရုတ်တရက် မြင်လိုက်ရတာမို့ အင်မတန်မှ လန့်သွားခဲ့ရသလို ​ရှောင်းကျန့်ဟာလဲ တားထားတဲ့လက်ကိုဆတ်ခနဲရုတ်ပြီး လက်​နောက်ပစ်လိုက်တာများ အရှိန်ပါလွန်းလို့ ရိ​ပေါ်မှာ နှစ်ခါပြန်လန့်လိုက်ရပါရဲ့။

Yes,I like,you too? Where stories live. Discover now