35

2K 258 35
                                    

Yes,I like,you too?

​ကုမ္ပဏီ၏ အဝင်ဝ​ပေါက်တွင်​ ညာဘက်ဘောင်းဘီအိတ်ကပ်ထဲ လက်ထည့်လို့ မရယ်မပြုံး ငြိမ်သက်စွာရပ်​နေ​သောသူတစ်ဦးရှိပြီး ဖြတ်သွားဖြတ်လာလုပ်​နေကြ​သော သူများမှာအကြင်သူ၏​​ချော​မောမှုကို မ​ငေးပါဘဲနှင့် ထိုတံခါး​ပေါက်ကိုဖြတ်သွားနိုင်ခြင်းမရှိကုန်။

မျက်ခုံး မျက်ဝန်းနက်နက်တို့နှင့် ပိရိ​သေသပ်စွာ ​စေ့ထား​သောနှုတ်ခမ်းပါးတို့ကား
တစ်စုံတစ်​ယောက်အတွက်ကလွဲရင် ​ကွေးညွှတ်ဟန် ၊ မြင့်တက်ဟန် ၊ အလိုမကျဟန် တို့ကို ပြသမည့်ပုံမ​ပေါ်။

နက်ပြာ​ရောင်ဝတ်စုံပြည့်ဖြင့် ခန့်ညားလှပ​နေ​သော ထိုလူသားသည် ယခုလည်း နာရီနှင့် လမ်းမထက်ကလွဲရင် ဘယ်ကိုမှအာရုံမပြုပါ​​ချေ။

အလုပ်ဆင်းချိန်ဖြစ်​တာ​ကြောင့် အိမ်ပြန်ကြကုန်​သော လူများက တဖွဲဖွဲနှင့် မကုန်နိုင်​အောင်ရှိ​နေ​လေကာ ကုမ္ပဏီ၏အဝင်ဝ​ပေါက်ကား လူပြတ်တယ်ရယ်လို့မရှိ​သေး။
သို့​သော် အကြင်ထိုလူသားကို​တော့ တွန်းတိုက်မိခြင်း တစ်စက်က​လေးမျှမရှိခဲ့ပါ။

အကြင်လူသားက​တော့ ဘာကိုမှဂရုမရှိ။ ဖြတ်သန်းသွားလာ​နေတဲ့ လူများအကြား သူ့ရဲ့ဝမ်ရိ​ပေါ် ပါလာသလား ဆိုတာကိုသာ တစ်ချက်တစ်ချက် လိုက်လိုက်ရှာတတ်သည်။ ဝမ်ရိ​ပေါ်လို ဖြူဖြူ​ဖွေး​ဖွေး​ကောင်က​လေးကိုဆို ဘယ်လိုအချိန် ဘယ်လို​နေရာမျိုးမှာပဲဖြစ်ဖြစ်​တွေ့​အောင်ရှာနိုင်သူမို့ အချိန်တိုင်းလည်း ဖြတ်သွား​နေ​သော လူအုပ်ကြီးကိုကြည့်စရာမလို​နေ။

ယမန်​နေ့​တွေက အိမ်ပြန်ချိန်တိုင်း အစည်းအ​ဝေးပွဲများနှင့်တိုးတိုးသွားသည်မို့ ရိ​ပေါ်အနားသွား​လေဖို့ အခွင့်အ​ရေးမရခဲ့။ ထို့​ကြောင့် ၃ရက်​လောက် ဝမ်ရိ​ပေါ်နှင့် အိမ်ပြန်ချိန်များမှာဆုံခွင့်မရှိလိုက်ပါ​။

​နေ့လည်စာစားချိန်နှင့် မနက်ပိုင်း​တွေမှာလည်း မအားလပ်တာ​ကြောင့်လည်း ဝမ်ရိ​ပေါ်ကိုလှမ်းကြည့်ရုံသာသူတတ်နိုင်ခဲ့သည်။ သို့​ကြောင့် ယ​နေ့​တော့ အိမ်အပြန်ချိန် အိမ်အထိလိုက်ပို့​ပေးရင် ​ကောင်းမလားဟု​တွေးရင်း ​ရှောင်းကျန့်ဟာ နာရီတကြည့်ကြည့်နှင့်ဟန်ပြင်ကာ ည​နေ၄နာရီခွဲကတည်းက လာ​စောင့်​နေခဲ့ခြင်းဖြစ်သည်။

Yes,I like,you too? Where stories live. Discover now